နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်(၂၆)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၃၇)ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင်(၈၉၄)ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်(၃၂၅)ဦး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၄)ဦး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင်(၁၃) ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်(၁၅၄)ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင်(၈၀)ဦးတို့ အလင်းဝင်လာခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင်(၁၉၈)ဦး၊ အ နောက်တောင်တိုင်းစစ်ဌာနချုပ်တွင်(၁၅၂)ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၂)ဦး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တွင်(၅၈၀)ဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၂,၉၂၆)ဦး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၇၁)ဦးတို့လည်း အလင်းဝင်လာခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် (၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ (၅,၆၇၂)ဦးရှိကာ ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းမျိုးစုံ(၆၉၂)လက်လည်းပါရှိခဲ့ကြောင်း သိရသည်။
