မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဇွန်လ (၂၃) ရက်နေ့တွင် ကျရောက်မည့် အိုလံပစ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတကာအဆင့် မြင်းစီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြိုင်ပွဲကို လာမည့် ဇွန်လ (၂၇) ရက်၌ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြန်မာနိုင်ငံမြင်းစီးအားကစားကွင်း (အားကစားဇုံ) အတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအမျိုးအစားများအရ Show Jumping (တန်းခုန်ပြိုင်ပွဲ) အမျိုးအစား (၃) မျိုး ပါဝင်မည်ဖြစ်ကာ အသက် (၁၈) နှစ်အောက်လူငယ်များအတွက်(၂၀) မှ (၄၀) စင်တီမီတာ တန်းခုန်ပြိုင်ပွဲ၊ (၄၀) မှ (၆၀) စင်တီမီတာ တန်းခုန်ပြိုင်ပွဲ၊ (၈၀) မှ (၉၀) စင်တီမီတာ အမြင့်ရှိသော နိုင်ငံတကာအဆင့် တန်းခုန်ပြိုင်ပွဲများ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း အသိပေးထားသည်။
မြင်းစီးအားကစားစိတ်ဝင်စားသည့် လူငယ်များနှင့် ပြည်သူများကို လာရောက်ကြည့်ရှုအားပေးကြရန်လည်း ဖိတ်ခေါ်ထားသည်။
ဓာတ်ပုံ- MEF
