စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို လာမည့် မေ ၂၅ ရက်မှစတင်၍ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မေ ၁၄ ရက်ကလည်း ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၏ အခြေခံပညာအဆင့် နှစ်ဆုံးစာမေးပွဲအောင် စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ထုတ်ပြန်ခဲ့ရာ ခန္တီးမြို့နယ်မှဝင်ရောက်ဖြေဆိုခဲ့သည့် KG မှ Grade-11 ထိ ကျောင်းသား/သူ (၁၀,၉၈၃) ဦး အနက် ကျောင်းသား/သူ (၁၀,၉၇၃) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
