ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO တို့ အကြား ၂၀၂၅ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထော င်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Thushara Fernando နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Thushara Fe rnando နှင့်အဖွဲ့မှ ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၈) ရက်၊ ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်း မ၌ လာရောက်ဂါရဝပြုတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသ ည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆွေးနွေးခဲ့ကြော င်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း ဝန်ကြီးဌာနမှ ဦးစားပေးဆောင် ရွက်မည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ဝန်ကြီးဌာနနှင့် WHO တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေး နွေးခဲ့ကြောင်း သိရသည်။
၎င်းဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ WHO ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
