Wednesday, June 24, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeNewsLocal News၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားအား...

၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားအား ကစားသမားဆုကို ရဲထွန်းနောင်(ကာယဗလ)ရရှိ

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအား ကစားမီဒီယာများအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၄ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားအား ကစားသမားဆုကို ရဲထွန်းနောင်(ကာယဗလ)မှရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမား (အမျိုးသား/အမျိုးသမီး)၊ စွမ်းဆောင်ရည်အကောင်းဆုံးအားကစားအဖွဲ့ချုပ်၊ အကောင်းဆုံး အုပ်ချုပ်သူ/နည်းပြဆုများချီးမြှင့်ပွဲကို မေ ၈ ရက်နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ကျိုက္ကဆံအားကစားကွင်း၌ကျင်းပရာ မြန်မာနိုင် ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တက်ရောက်ခဲ့သည်။

ထိုသို့ တက်ရောက်ပြီးနောက် နှစ်အလိုက်ထူးချွန်ပြောင်မြောက်သည့် အားကစားသမားများကို ယခု ကဲ့သို့ ရွေးချယ်ဂုဏ်ပြုချီးမြှင့်ပေးနေခြင်းသည် အားကစားသမားများ၏ ယှဉ်ပြိုင်လိုစိတ်ကို အမြဲတမ်းရှင်သန်နိုးကြားစေရန်အတွက်ဖြစ်ကာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေဖြင့် အားကစားအဖွဲ့ချုပ်များ၏လိုအပ်ချက်များကို တတ်နိုင်သမျှပံ့ပိုးပေးသွားမည်ဟု ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှတာဝန်ရှိသူများ၊ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် ခိုင်မြဲသည့်ယုံကြည်ချက်၊ မှန်ကန်သည့်မျှော်မှန်းချက်၊ နည်းစနစ်မှန်မှန်ဖြင့် စိတ်ဓာတ်၊ ဇွဲ၊ လုံ့လများနှင့်အောင်မြင်မှုများကို စဉ်ဆက်မပြတ်ဆွတ်ခူးရယူနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းကြရမည်ဟု တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားအားကစားသမားဆုရရှိသော ရဲထွန်းနောင်(ကာယဗလ)အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုရရှိသူ ဝင်းဝင်းထွေး (လှေလှော်)အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအုပ်ချုပ်သူဆုရရှိသူ ဦးသက်လွင်(လှေလှော်)အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန် ကြီးဦးစောဂျက်ကော့ထူးက ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးနည်းပြဆုရရှိသူ ဦးဘုန်းမြင့်တေဇာ (လှေလှော်) အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆု ငွေကျပ်(၁၀)သိန်းနှင့် မြန်မာနိုင်ငံ အားကစားမီဒီများအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဉာဏ်ထွန်းက ၂၀၂၄ ခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံးအားကစားအဖွဲ့ချုပ်ဆုရရှိသော ဥက္ကဋ္ဌဦးသောင်းထိုက်မင်း(လှေလှော်အဖွဲ့ချုပ်)အား ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့ပြင် လာမည့် သြဂုတ်လအတွင်း၌ တရုတ်နိုင်ငံ ချန်ဒူးမြို့၌ကျင်းပမည့် World Games ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော် အားကစားအဖွဲ့၏ အသွား/အပြန် လေယာဉ်ခရီးစရိတ်အတွက် ငွေကျပ်သိန်း(၃၅၀)ကို Trusty Pay Company မှ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071