Saturday, August 8, 2026

AFF Hyundai Cup 2026...

AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု(ခ) နောက်ဆုံးပွဲစဉ်အဖြစ် ထိုင်းနှင့် မြန်မာတို့ ယှဥ်ပြိုင်ကြရာ ပထမပိုင်းပွဲချိန်အတွင်း ထိုင်းအ သင်းက...

မင်းဘူး(စကု)မြို့နယ် ထုံးမကြီးကျေးရွာ၌ မြစ်ရေကျဆင်းလာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်...

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်တွင် ဇူလိုင် ၃၀ ရက်နှင့် ဇူလိုင် ၃၁ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ထုံးမကြီးကျေးရွာအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေ...

မနက်ဖြန် သြဂုတ် ၉ ရက်နံနက်ပိုင်းအထိ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ သြဂုတ် ၈ ရက်ညနေ ၄ နာရီထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း ၌ မနက်ဖြန် သြဂုတ် ၉...

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သဖန်းဆိပ်ရေလှောင်တမံမှ ရေပိုလွှဲ ရေလွှတ်ထုတ်နေရသော်လည်း...

ကန့်ဘလူ၊ ဩဂုတ် ၈ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း မိုးဆက်တိုက်သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု မြင့်တက်လာသဖြင့် တမံအတွင်း ရေထိန်းညှိရန် ရေပိုလွှဲမှ ရေစတင်လွှတ်ထုတ်နေရကြောင်း...
HomeNewsLocal News(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ...

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ မနက်ဖန်(ဩဂုတ် ၉ ရက်)တွင် ကျင်းပမည်

ရန်ကုန်၊ ဩဂုတ် ၈

(၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (MLWC) ကို ဩဂုတ် ၉ ရက်တွင် ကျင်းပမည်ဖြစ်ရာ ပါဝင်မည့် ကစားသမားများ ဆေးစစ်ဝိတ်ချိန်ခြင်းကို ယနေ့ (ဩဂုတ် ၈ ရက်) ၌ ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ Myanmar Martial Arts Group (MMAG) က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အလဲထိုးစနစ်ကို အဓိကအသုံးပြုကာ တွဲဆိုင်း ၆ ဆိုင်းဖြင့် ကျင်းပသွားမည် ဖြစ်သည်။

ပြိုင်ပွဲတွဲဆိုင်းများ
၅၃ ကီလိုတန်း – ဒေါင်းမိုက်သွေး (Nine Lethwei) နှင့် စောရူဘီ (YMA)
၆၅ ကီလိုတန်း – အောင်ကိုလတ် (Ray) နှင့် စောထိန်လင်း (555 Sports)
၅၆ ကီလိုတန်း – MLWC ရွှေတံဆိပ်ဆုရှင် ဆလိုင်းထန်ခွီးရှိန် (ကျားမနိုင်) နှင့် SEA Games ကြေးတံဆိပ်ရှင် ဟိန်းထွန်းအောင် (ခေးယူးဝါး)
၆၀ ကီလိုတန်း – MLWC ရွှေခါးပတ်ချန်ပီယံ အဲမွီ (အဲကညော) နှင့် Sky Net ရွှေအောင်လံဆုရှင် သန့်ဇင် (ပိုင်သွန်တော်ဝင်ဧရာ)
၆၇ ကီလိုတန်း (ဒုတိယခေါင်ပွဲ) – နိုင်ဝင်းထွန်း (Nine Lethwei) နှင့် ကရင်အောင်လံဆုရှင် ကမ္ဘာရှား (ဇာထက်မိတ္ထီလာ)
၇၅ ကီလိုတန်း (အဓိကခေါင်ပွဲ) – MLWC ရွှေတံဆိပ်ဆုရှင် ထွန်းမင်းအောင် (Top One) နှင့် SEA Games ကြေးတံဆိပ်ရှင်၊ MLWC ရွှေတံဆိပ်ဆုရှင် ရာမန် (ရိုးရာစွမ်းအား)
ထိပ်တန်းရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကလည်း မနက်ဖြန်ပွဲအတွက် ဆေးစစ်ဝိတ်ချိန်ပြီးစီးပြီဖြစ်၍ အဆင်သင့်ဖြစ်နေကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AFF Hyundai Cup 2026 ထိုင်း-မြန်မာပွဲစဥ် ပထမပိုင်းတွင် ထိုင်းအသင်းက ၁-၀ ဖြင့် ဦးဆောင်နေ

AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု(ခ) နောက်ဆုံးပွဲစဉ်အဖြစ် ထိုင်းနှင့် မြန်မာတို့ ယှဥ်ပြိုင်ကြရာ ပထမပိုင်းပွဲချိန်အတွင်း ထိုင်းအ သင်းက ဦးဆောင်ဂိုး ၁ ဂိုးသွင်းယူထားသည်။ အဆိုပါ ပွဲစဉ်အတွင်း မြန်မာအသင်းက အကောင်းဆုံးတုံ့ပြန်ကစားခဲ့သော်လည်းဝင်းနိုင်ထွန်း၏ လက်ထိဘောမှတစ်ဆင့် ပေးခဲ့ရသည့် ပင်နယ်တီကြောင့် ပထမပိုင်းအပြီးမှာ ထိုင်းအသင်းက ၁-၀ ဖြင့် ဦးဆောင်နေခြင်းဖြစ်သည်။ ယနေ့ ဩဂုတ် ၈ ရက် မြန်မာစံတော်ချိန် ည ၇နာရီခွဲအချိန်၌ AFF Hyundai Cup 2026 အာဆီယံချန်ပီယံရှစ် အုပ်စု(ခ)...

မင်းဘူး(စကု)မြို့နယ် ထုံးမကြီးကျေးရွာ၌ မြစ်ရေကျဆင်းလာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်တွင် ဇူလိုင် ၃၀ ရက်နှင့် ဇူလိုင် ၃၁ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ထုံးမကြီးကျေးရွာအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေ ဘေးသင့်သူများအား ရေဘေးလွတ်ကင်းရာသို့ သက် ဆိုင်ရာတာဝန်ရှိသူများက ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေဝင်ရောက်မှုမှာပြန်လည်ကျဆင်းသွားသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သြဂုတ် ၇ ရက်နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာအဖွဲ့အ စည်းများပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများအား အညစ်အကြေးနှင့် အမှိုက်သရိုက်များသန့်ရှင်းရေးပြု လုပ်ခြင်း၊ ရပ်ရွာအတွင်းအသုံးပြုနေသော ရေတုံကင်များ၊ ရေဘုံပိုင်များပြုပြင်ခြင်း၊ ရေတွင်း/ရေကန်/ရေ တိုင်ကီများကို အဘိတ်ဆေးခပ်ခြင်း၊ တိရစ္ဆာန်များကိုကာကွယ်ဆေးထိုးပေးခြင်းများအားပြုလုပ်ပေးလျက်ရှိကြောင်း...

မနက်ဖြန် သြဂုတ် ၉ ရက်နံနက်ပိုင်းအထိ ရန်ကုန်တိုင်း ၌ နေရာကွက်၍မိုးကြီးနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ သြဂုတ် ၈ ရက်ညနေ ၄ နာရီထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း ၌ မနက်ဖြန် သြဂုတ် ၉ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းနည်းတူ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်လည်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တန င်္သာရီတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071