Thursday, May 28, 2026

ကျွန်းလှမြို့နယ်တွင် မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက် ပျိုးမည်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ၌ မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ မိုးစပါးစိုက်ပျိုးရန် (၃၃,၂၇၅)ဧကလျာထားပြီး စိုက် ပျိုးရာ၌ ဘောင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊...

ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား...

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေစေရန် DEMU Spain လူစီးအမြန်ရထားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်ကာ...

နီပေါဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၆ ရက်တွင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable...

ရန်ကုန်ဆေးရုံကြီး၏ (၄)ခုမြောက် လူနာစောင့်နားနေဆောင်သစ် ယနေ့...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသသည့် လူ နာများနှင့်အတူလိုက်ပါလာသော လူနာစောင့်များစိတ်ချမ်းသာစွာညအိပ်နားနေနိုင်ရန်အတွက် လူနာစောင့်နားနေဆောင်(၃)ဆောင်ကို ဆောက်လုပ်ပေးထားသည်။ ထို့ပြင် ယနေ့ မေ ၂၇ ရက်မှစတင်ကာအသုံးပြုနိုင်မည့် (၄)ခုမြောက်ဖြစ်သော လူနာစောင့်များညအိပ်နားနေနိုင်ရန်အတွက်...
HomeMoviesပြည့်တန်ဆာတွေရဲ့ ဘဝကို ရိုက်ကူးပုံဖော်မယ့်...

ပြည့်တန်ဆာတွေရဲ့ ဘဝကို ရိုက်ကူးပုံဖော်မယ့် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲ

Shwe Kyar

ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးမှ ပွဲဦးထွက်ရိုက်ကူးမယ့် “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲနှင့် ဇာတ်ကားရိုက်ကူးမှုဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်းအခမ်းအနား ကိုဖေဖော်ဝါရီလ၂၃ရက်နေ့ မနက်၉နာရီက ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားက ဆရာမ ပုညခင်ရဲ့ ‘အရှေ့တံခါးအဝင်” ဝတ္ထုကို ဒါရိုက်တာဝိုင်းက “ရွှေကြာ” ဟု အမည်ပြောင်းလဲကာ ရိုက်ကူး ပုံဖော်မှာဖြစ်ပြီး အလင်းရောင်၊ ဖွေးဖွေး၊ သင်ဇာဝင့်ကျော်၊ ခင်ဇာခြည် ကျော်၊ မင်းခ တို့က အဓိကသရုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။ ဒီအခမ်းအနားက တခြားဇာတ်ကားကန်တော့ပွဲတွေလိုမျိုး မဟုတ်ဘဲ အနုပညာရှင်များနဲ့ ထုတ်လုပ်သူ နှစ်ဦးနှစ်ဖက်ကြား ဇာတ်ကားရိုက်ကူးမှုဆိုင်ရာ စာချုပ် ချုပ်ဆိုခြင်းအစီအစဉ်လည်း ထူးခြားစွာပါဝင်တာ တွေ့ရပါတယ်။ ဒီဇာတ်ကားက ပြည့်တန်ဆာမလေးတွေရဲ့ ဘဝကို ရိုက်ကူးပုံဖော်မယ့် ဇာတ်လမ်းဖြစ်ပြီး ဒီပွဲမှာ ဝတ္ထုရေးသားတဲ့ စာရေးဆရာမပုညခင်က ဒီဝတ္ထုကို ရေးသားတဲ့ ရည်ရွယ်ချက်၊ ကြုံတွေ့ရတဲ့အတွေ့အကြုံ၊ ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အလုပ်လုပ်ဖြစ်တဲ့ အကြောင်းနဲ့ ဒါရိုက်တာဝိုင်းနဲ့ပြန်ပြီး လက်တွဲအလုပ်လုပ်ဖြစ်ပုံ အကြောင်းများကို ပြောပြခဲ့ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်မယ့် ဒါရိုက်တာဝိုင်းကလည်း ..

” ဒီဇာတ်ကားကို ကျွန်တော့်ကို ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တဲ့ ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးစိုင်း ပြည့်စုံနဲ့ ဒေါ်လေးသန္တာမြင့်တို့ကို ကျေးဇူးတင်ပါတယ်။ နောက် ကျေးဇူးတင်ရမယ့်သူက ကျွန်တော်နဲ့အမြဲလိုလို ရန်ဖြစ် လေ့ရှိတဲ့ စာရေးဆရာမ ပုညခင်ပါ။ ဘာဖြစ်လို့ လဲဆိုတော့ ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် ကိုစိုင်းတို့၊ မလေးတို့ကို ကိုဝိုင်းနဲ့ ရိုက်ကူးပါလို့ သူပဲတိုက်တွန်းပေးခဲ့ တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော့်ရဲ့ ပရိသတ်ပေါ့။ ကျွန်တော်က ပြောပြီးရင်ဖြစ်အောင် လုပ်တတ်တဲ့အကျင့် ရှိပါတယ်။ ကျွန်တော် ၂ဝ၁၆ ဖိုရမ်မှာ ပြောခဲ့ပါတယ်။ စာချုပ်ရအောင်ချုပ်မယ်လို့။ အဲဒီစာချုပ်ဖြစ်ဖို့အတွက် ကျွန်တော့်ရဲ့စည်းမျဉ်းစည်း ကမ်းတွေကို လိုက်နာပြီး လက်မှတ်ထိုးပေးခဲ့တဲ့ သရုပ်ဆောင်များကို ကျေးဇူးတင်စကားပြောကြားလိုပါတယ်။ ဇာတ်ကားရိုက်ကူးဖို့ငှားတာပဲ ပိုက်ဆံပေးရင်ရတာပေါ့။ ဘာကျေးဇူးတင်စကား ပြောစရာရှိလဲဆို ပြောစရာရှိပါတယ်။ “ရွှေကြာ’လို့ ဖြစ်လာမယ့် “အရှေ့ တံခါးအဝင်” ဝတ္ထုကိုဖတ်ပြီးတဲ့အချိန်မှာပဲ ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ ဒီဟာကရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ရမယ်ဆိုတာ ကျွန်တော်သိနေပါတယ်။ ကျွန်တော်လုပ်ချင်တဲ့ ဇာတ်ညွှန်းပုံသဏ္ဋာန် အသစ်တစ်ခု ပရိသတ်ကိုချပြ နိုင်မယ့်လမ်းကြောင်းတစ်ခု ကျွန်တော် တွေ့နေပါတယ်။ အဲဒီအချိန်မှာ မပုညခင်နဲ့ကျွန်တော်နဲ့က ကတောက်ကဆ ဖြစ်ထားတယ်။ ကြားထဲကတစ်ဆင့် ကူလီကူမာလုပ်ပြီး တစ်ယောက်ကို ဝယ်ခိုင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ အဲဒီအချိန်က ကံမစပ်လို့လားမသိဘူး။ ဝယ်ခါနီးနာရီပိုင်း အလိုမှာ မလေးသန္တာမြင့် ဝယ်သွားပါတယ်။ နည်းနည်း စိတ်ဓာတ်ကျသွားပါတယ်။ ဒါပေမဲ့ ကျွန်တော့်စေတနာမှန်လို့လားမသိဘူး။ ကျွန်တော့်ဆီ ပြန်ရောက်လာပါတယ်။ ကျွန်တော် ဒီဇာတ်ကားမှာ ပါဝင်တဲ့သရုပ်ဆောင်နဲ့ ကျန်တဲ့အဖွဲ့သားအားလုံးကို ပြောကြားချင်တာက ကျွန်တော်တို့ဒီအလုပ်အပေါ်မှာ စေတနာထားပြီး အလုပ်လုပ်မယ်ဆိုရင် ကျွန်တော်ပြောရဲပါတယ်။ ဒီ “ရွှေကြာ”သည် အနုပညာအရရော၊ စီးပွားရေးအရပါ ကျိန်းသေပေါက်အောင်မြင်မယ်လို့ ပြောရဲပါတယ်” လို့ ပြောပါတယ်။ ဒီဇာတ်ကားကို မတ်လ ၁ ရက်နေ့မှာ စတင် ရိုက်ကူးသွားမှာဖြစ်ကြောင်းသိရပါတယ်။

P-060
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071