Monday, May 4, 2026

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့...

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉...

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ...

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project Freedom...

ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် ရေတပ်၏ "Operation Project Freedom"စစ်ဆင်ရေးတွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောများဖြင့်...

ရန်ကုန်တိုင်းအတွင်း ယခု မေလအတွင်း အုပ်စု(၂)စုခွဲ...

ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A,B) ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့်...
HomeActivitiesဟေမန္တပုံကြမ်း...

ဟေမန္တပုံကြမ်း…

လူငယ်ဘဝဆောင်းရက်များကို ငါအမှတ်ရသည်။ ငါအမှတ်ရချက်ကို ပြောပြချင်သည်။ ဆောင်းရက်တွေထဲ မှာ အနွေးထည်အင်္ကျီထူထူထဲထဲ မဝတ်ဆင်ဘဲ အင်္ကျီပါးကလေးနှင့် ကဖေးဆိုင်ထဲကို ဝင်ရောက်လာသူ မှာ ငါဖြစ်သည်။ ကျွန်တော်က ဒီနေ့ သိပ်မချမ်းသလို ခပ်တည်တည်နဲ့ ဝင် ရောက်လာပေမယ့် သူတို့က ကျွန် တော်ဟန်ဆောင်နေကြောင်းကို ရိပ် မိနေကြသည်လို့ ငါရေးခဲ့သည်။

နံ ပြားဖိုကြီးရဲ့အနီးမှာ ငါဝင်ထိုင်နေ လိုက်သည်။ ထို့ကြောင့် ငါနွေးသည်။ နွားမဒမ်းသေးလို ခပ်ကျဲကျဲကော်ဖီ တစ်ခွက်ရောက်လာသည်လို့ ငါရေး ခဲ့သည်။ ငါဂျက်လန်ဒန်ရဲ့ စာကို ဖတ်မိပြီး ထိုသို့ရေးခဲ့ခြင်းဖြစ်သည်။ အုတ်နီခဲပေါင်မုန့်လို့ သူက ဆက်ရေး သည်။ ထိုအကြောင်းများကို ငါအ သုံးချခဲ့သည်။ ကျွန်တော့် မေးရိုး တွေက သန်မာပါသည်လို့ ငါထည့် ရေးခဲ့သည်။ နှင်းတွေ အများကြီး တဖွဲဖွဲကျ ဆင်းနေသော နေ့ရက်များ ကို ငါကြုံခဲ့ဖူးသည်။ ထိုစဉ်က ငါ့လူငယ်ဘဝ။ ငါထက်သန်သော နေ့ရက်များမှာ စာတွေရေးခဲ့သည်။ ငါအတွေ့အကြုံများ က စိတ်ဝင်စား စရာ သိပ်မရှိ။ နို့ပေ မယ့်စာပေလက် ရာဟန်တစ်ခုအနေဖြင့် ငါရေးသား ဖော်ပြနိုင်ခဲ့သည်။ နှင်းတွေထဲမှာ လမ်းသလားရခြင်းကို ငါမွေ့လျော် သည်။

ငါ့အရေးအသား များထဲတွင် အမြဲပါဝင်လေ့ရှိသော လွှမ်းမိုးသော အကြောင်းအရာမှာ ဆာလောင်ခြင်း ဖြစ်သည်။ ငါ့ဇာတ်ဆောင်သည် စားစရာတစ်ခုတလေ တွေ့ရနိုးဖြင့် ဝေ့ဝဲကာကြည့်သည်။ အသုံးမကျတဲ့ ကျွန်တော့် မျက်လုံးတွေထဲမှာ စားစ ရာတစ်ခုတလေမျှကို မမြင်တွေ့ခဲ့ရ ပါလို့ရေးခဲ့သည်။ ငါ့၏ စာပေဟန်မှာ ထိုသို့သော အခြေအနေတွင် သူဌေး ကြီးဟောင်း ဝပ်ဟူးနှင့် မိတ်ဆက်ပေး ခြင်းဖြစ်သည်။ ကျွန်တော်မှာ တစ် ပြားတစ်ချပ်မှ မရှိတော့ပါဘူးလို့ တည်တည်ငြိမ်ငြိမ်ရေး သားနိုင်ခဲ့ သည်။ ငါ၏စာပေဟန်ကို နှစ်ခြိုက်ပုံ ရသော အယ်ဒီတာတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ နောင်အခါတွင် ဝေဖန်ရေးဆရာက သူ့ ဇာတ်ဆောင် တွေ ဆာလောင်နေကြသူတွေပဲလို့ မှတ်ချက်ပြုခဲ့သည်။ ငါ အမှတ်ရ နေမိတာ ခုလိုဆောင်းရက်တွေ။

ငါ့မှာ ဈေးပေါပေါနဲ့ဝယ်ထားတဲ့ ကုတ်အင်္ကျီအဟောင်းကြီးလည်း ရှိနေပြီ။ အဲဒီကုတ်အင်္ကျီကြီးနဲ့ ငါ့နှင်း တွေထဲ လမ်းသလားပုံကို ပုံဖော်ခဲ့ သည်။ တကယ်တော့ ဖြစ်ရပ်မှန်ကို နဲနဲချဲ့ကားထားခြင်းပါ။ နို့ပေမယ့် ငါ ပြောပြချင်တာတွေရှိသည်။ ပုံနှိပ် တိုက်က ငါ့စာပေလက်ရာကို တဂျိမ်း ဂျိမ်းပုံနှိပ်နေချိန်မှာ ငါက ကဖေးဆိုင် ကလေးထဲ ထောင့်ကွေးမှာ။ ပြီးတော့ ရှိသေးသည် ကဖေးဆိုင်မျက်နှာကျက် က ပန်ကာကြီးကို တစ်ဆောင်းခိုမယ့် သတ္တုငှက်ကြီးလို့ တင်စားရေးခဲ့သည်။ ပျော်ခဲ့ဖူးပုံတွေပါပဲ။ စာလုံးအက္ခရာ တွေ မြင်ရတဲ့အခါ ပျော်ရွှင်ဖူးပါ သလား။ ငါတော့ ပြောမဆုံးပေါင် တောသုံးတောင် ကြုံခဲ့ဖူးပြီ။ ဒီနေ့ ကျွန်တော်က သိပ်မချမ်းသလိုနဲ့ ခပ် တည်တည်ဝင်ရောက်လာပေမယ့် သူ တို့က ကျွန်တော်ဟန်ဆောင်နေ ကြောင်းကို ရိပ်မိနေကြသည်ဆိုတာ လူငယ်ဘဝအတွေ့အကြုံတစ်ခုပါ။ နှင်းတွေတဖွဲဖွဲကျဆင်းလာရင် ကတ္တ ရာလမ်းမကြီးပေါ်မှာ လမ်းသလား ချင်ပါသေးသည်။ ငါနှစ်သက်တဲ့ ကားလ်ဆင်းဘတ်ရဲ့ ညထဲမှာ ဂေါ် တစ်ဂေါ်စာကြယ်တွေဆိုတဲ့ စာသား မျိုးတွေ ရွတ်ဆိုချင်သေးသည်။ အေး စက်တောင့်တင်းနေတဲ့ နားရွက်နှစ် ဖက်က ဆုပ်ကိုင်လိုက်ရင် ကြေမွသွား မလားပဲလို့ ဟိုတုန်းက ရေးခဲ့ဖူးသည်။ လူငယ်ဘဝနေ့ရက်များပါပဲ။ ခုတော့ ငါ့မှာ ဈေးပေါပေါနဲ့ ဝယ်ထားတဲ့ ကုတ်အင်္ကျီအဟောင်းကြီးလည်း မရှိ တော့။ မြို့ရဲ့ထောင့်ကွေးတစ်ခုမှာ ငါဘာသာငြိမ်သက်နေနိုင်ခဲ့ပါပြီ။ ဟေမန္တဆောင်းရက်များ။

နေမျိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071