Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesပေါ်ပြူလာကိုပို့တဲ့ သက်ြန်သတင်း

ပေါ်ပြူလာကိုပို့တဲ့ သက်ြန်သတင်း

ပေါ်ပြူလာဂျာနယ်မှာ ကျွန်တော်တို့ တစ်တွေ ရေးကြသားကြလုပ်ခဲ့ကြတာနဲ့ ပတ် သက်လို့ ကျွန်တော် တစ်နေ့က စာရေးဆရာ စာနယ်ဇင်း ဆရာသိုက်ထွန်းသက်ဆီ ကျွန် တော် လှမ်းမေးရမြန်းရသေး။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က သိုက် ထွန်းသက် ပေါ်ပြူလာမှာ ရေးနေခဲ့တာကို မှတ်မိနေတာကိုး။ ဟုတ်တယ်။ အဲဒီတုန်းက ကျွန်တော်လည်း ရေးခဲ့ဖူးရဲ့။ သင်္ကြန်နဲ့ပတ် သက်လို့ပါ။ အတိအကျတော့ သတိမရတော့ ဘူးပေါ့။ အကြောင်းအရာ အချက်အလက် အဲဒီတုန်းက အမြင်အတွေးလေးပေါ့လေ။

သင်္ကြန်ရနံ့ မသင်းပျံ့ဘူး
သင်္ကြန်မြင်ကွင်း မရှင်းလင်းဘူး။
သင်္ကြန်အသံ မကြားရပြန်ဘူး။
မြန်မာ့ဓလေ့ မေ့ကျန်ရစ်ပြီ
ယဉ်ကျေးမှုပွဲတော် လွဲချော်နေပြီ
မြန်မာအက မလှနိုင်ဘူး။
မြန်မာသံချပ် ရင်မှာမအပ်ဘူး။
အမေရိကန်အသံ ညံ
မက္ကစီကန်အသံ ညံ
အာဖရိကန်အသံ ညံ
ဟား …နိုင်ငံစုံအသံ ညံ
အဲ – အဲ – လက်တင်အသံ ညံ
မြန်မာ့ရိုးရာ မပါလာဘူး။
– – – –
– – – –
– – – –
ကိုယ့်ကို သီချင်းလာအပ်လို့ ရေးစပ်ကြည့် တယ်။ သင်္ကြန်သီချင်းတဲ့။ လွယ်သားပဲ။ သံစဉ် က ကော်ပီပေါ့။ စာသား – စဉ်းစားစရာများများ မလို။ ကော်ပီသံစဉ်ထဲ ဆန့်ရုံလေး။ သံချပ် – အမြန်စပ်လို့ရတယ်။ ရက်ပ် ရှိသား မဟုတ်လား။

၁၉၉ဝ လွန်တော့ ကျွန်တော် ရုပ်ရှင် တေးကဗျာမဂ္ဂဇင်းထဲမှာ ပြင်သစ်မှာ၊ နိုင်ငံခြား မှာ ရက်ပ်ပါတွေ သူတို့ သူတို့ နိုင်ငံ နိုင်ငံတွေရဲ့ နိုင်ငံရေးထဲမှာ ပါဝင်ဆင်နွှဲနေကြတဲ့အကြောင်း ရေးဖြစ်တယ်။ ၂ဝ၁၇ ခုနှစ်မှာ မန္တလေးမဟာ သင်္ကြန် ကျွန်တော် ဆင်နွှဲခဲ့တယ်။ မန္တလေး မဟာ သင်္ကြန်ရော လမ်းလျှောက်သင်္ကြန်ရော ကျွန်တော်ဆင်နွှဲခဲ့တယ်။ ကျွန်တော်သတင်း သမားပဲ။ လေ့လာတာပေါ့။ ရင်ထဲမှာ ပီတိ အပြည့်ရှိခဲ့။

မောင်သစ်လွင် (လူထု)
၁၁-၆-၂ဝ၁၇

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071