Wednesday, May 13, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ကို ရန်ကုန်စီးတီးအသင်း...

ရန်ကုန်စီးတီးအသင်းသည် လာမည့်ဘောလုံးရာသီအတွက် အသင်းကို အင် အားဖြည့်တင်းမှုအဖြစ် မြန်မာ့လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မြတ်ကောင်းခန့် ကို ရှမ်းယူနိုက်တက်အသင်းထံမှ (၂) နှစ်စာချုပ်ဖြင့် ပထမဆုံးခေါ်ယူနိုင်ခဲ့ကြောင်း...
HomeMoviesဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။

ထို့နောက် The Art of Living ဒါရိုက်တာတစ်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားတွင် အိန္ဒိယရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဂုရုကြီးအကြောင်းကို ဗီဒီယိုဖြင့် ပြသတင်ဆက်ခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးမှ အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးမှ အမှာစကားပြောကြားခြင်း၊ မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ချင်းရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဂုရုကြီး၏အသံဖြင့် Guided meditation တရားထိုင်ခြင်းကို (၁၀) မိနစ်ခန့် ရှုမှတ်ခြင်း နှင့် The Art of Living ဒါရိုက်တာတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား ပြီးမြောက်အောင်မြင်ခဲ့သည်။

အိန္ဒိယလူမျိုးဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ သည် စိတ်ပိုင်းဆိုင်မြှင့်တင်​ပေးသည့် ဒသနဆရာ၊ လူသားချင်းစာနာထောက်ထားရေး တက်ကြွလှုပ်ရှားသူနှင့် ငြိမ်းချမ်းရေးသံတမန်တစ်ဦးအဖြစ် လူသိများသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဂုရုကြီးအား ၁၉၅၆ ခုနှစ်၊ မေလ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည်နယ်၊ ပါပနာဆမ်မြို့တွင် မွေးဖွားခဲ့သည်။

ဂုရုကြီးသည် ကမ္ဘာကျော် အသက်ရှူခြင်းနှင့် တရားထိုင်ခြင်းဆိုင်ရာ နည်းလမ်းဖြစ်သည့် Sudarshan Kriya (ဆူဒါရှန် ခရီယာ) ကို ၁၉၈၁ ခုနှစ်တွင် စတင်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် နိုင်ငံတကာအဆင့် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းရေး၊ စိတ်ဖိစီးမှုလျှော့ချရေးနှင့် လူမှုအကျိုးပြုအဖွဲ့အစည်းအဖြစ် The Art of Living ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သည်မှာ ၄၅ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ယခုအခါ ဂုရုကြီး၏ မွေးနေ့ပွဲကို ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များနှင့် ဧည့်ပရိသတ်များသည် ရက်များခွဲကာ စည်ကားသိုက်မြိုက်စွာ နိုင်ငံအလိုက်ကျင်းပလျက်ရှိသည်။

ဂုရုကြီး သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်မှ ၉ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့သို့ လာရောက်စဉ် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့ကာ၊ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် မြန်မာပြည်သူများအတွက် စိတ်ဖိစီးမှုလျှော့ချရေးနှင့် အသက်ရှူနည်းသင်တန်းများ ပို့ချခြင်း နှင့် တရားရှုမှတ်ခြင်းဆိုင်ရာ ဟောပြောချက်များ ပြုလုပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ ကျပ်သိန်း ၁၇,၀၀၀ ကျော် ရရှိထားရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးနှင့် အရံစေတီတော် (၈) ဆူအား ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်ရန်အတွက် ပဥ္စမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲကို ယနေ့ (မေလ ၁၃ ရက်) တွင် စေတီတော်ရင်ပြင်၌ ခမ်းနားစွာ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်တည်ဆောက်ရန်အတွက် အများပြည်သူတို့က စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြရာ ယနေ့အထိ စုစုပေါင်းအလှူငွေရရှိမှုမှာ ငွေကျပ် (၁၇,၁၅၄) သိန်းအထိ ရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ အရံစေတီများ ပြုပြင်မွမ်းမံခြင်းတို့အပြင် အာရုံခံတန်ဆောင်း (၄) ခု၊ မုခ် (၄) မုခ်နှင့် ဂြိုဟ်တိုင်များကိုပါ ဘက်စုံပြုပြင်မွမ်းမံမှုများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071