Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...
HomeDhammaပေါင်းတည်မြို့ သကျမုနိ မိုဃ်းကောင်း...

ပေါင်းတည်မြို့ သကျမုနိ မိုဃ်းကောင်း ဘုရားကြီးနှင့် နှစ်ပေါင်း တစ်ရာကျော် ဗုဒ္ဓမြတ်စွယ်တော်

ပေါင်း တည်မြို့တွင် ဘိုးတော်မင်း တရား(ဗဒုံမင်း)၏ သားတော်မင်း လက်ျာမင်း သားတည်ထားသည့် မင်းလက်ျာစေတီ၊ မင်းလက်ဝဲ စေတီတို့လည်း တည်ရှိသည်။ ထို့ပြင် ရွှေကျောင်းကြီး ကျောင်းတိုက်အ တွင်းရှိ သကျမုနိမိုဃ်း ကောင်းဘုရား ကြီးနှင့် စွယ်တော်မြတ်အား လည်း ဖူးမြော်နိုင်ပေ သည်။ သကျမုနိမိုဃ်း ကောင်း ဘုရားကြီး အား ရွှေကျောင်းကြီးတိုက် ပထမပဓာန နာယကဖြစ် တော်မူသော ဆရာတော်ကြီး ဦးဝိမလ ဦးစီးဦး ဆောင်ပြု၍ ပေါင်းတည် မြို့သူ မြို့သား၊ နယ်သူနယ်သား များမှ ကိုးကွယ်ခဲ့ကြ၏။ မြန်မာသက္ကရာဇ် ၁၂၅၈ ခုနှစ် ပထမဝါဆိုလ ပြည့်ကျော် ၃ ရက် (ခရစ်နှစ် ၁၈၉၈ ခုနှစ်)တွင် ကြေးပိဿာချိန် ၃၄ဝဝ ရှိ ကြေးသွန်း ရုပ်ပွားတော်ကို သွန်းလောင်းကြ၏။ ဥာဏ်တော်အမြင့်မှာ သံတောင် (၇)တောင်ရှိလေ၏။ သကျမုနိမိုဃ်း   ကောင်း ဘုရားကြီး ကိန်းဝပ်တော်မူ သော တန်ဆောင်းတော်ကြီးအား ၁၂၆ဝ ပြည့်နှစ် နယုန်လတွင် ပြီးစီး သည်ဟု ဆိုလေ၏။ တန် ဆောင်းကြီး၏ မူလအရင်မတည်သူ တန် ဆောင်းဒါယကာမှာသစ်ခေါင်းမင်းဦး တော်ကြီးနှင့် ဇနီးမစိန်ရတို့ဖြစ်လေ ၏ဟု ကမ္ပည်း ထိုး ထားလေ၏။

ပေါင်းတည် ဗုဒ္ဓမြတ်စွယ်တော် ရောက်ရှိ ကိန်းဝပ်စံပ္ပါယ်ပုံ အစကား ဤသို့ပင်ဖြစ်လေ ၏။ ပေါင်းတည်မြို့ နေ တိုက်သူကြီး ဦးဖိုးမြနှင့် ဒေါ်နုတို့ ၏ မိတ်သင်္ဂီဟ တစ်စုတို့သည် ရွှေ ကျောင်းကြီးတိုက် ဆရာတော် ဦးဝိ မလ၏ တိုက်တွန်းချက်အရ ၁၂၅၉ ခုနှစ် (ခရစ်နှစ် ၁၈၉၉ ခုနှစ်)တွင် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် သီဟိုကျွန်း (ယခုသီရိလင်္ကာနိုင်ငံ)သို့ သွားရောက်ခဲ့ကြ လေ၏။ သီဟိုကျွန်း သို့ ရောက်သောအခါ ဆရာတော် ဦးဝိမလ၏ မိန့်မှာချက်အတိုင်းစွယ် တော်အမတ်ကြီးနှင့် တိုင်ပင်ပြီး မင်္ဂလာဆင်၏ လက်ဝဲစွယ်တော်ကို ရှာဖွေ၍ စွယ်တော်နှင့် ပုံတော်ဥာဏ် တော်လုံး ပတ်တော်အညီ ပုံသွန်းစေ ၏။ ပုံသွန်းပြီးသော စွယ်တော်မြတ် အား ဗုဒ္ဓမြတ်စွာဘုရားစွယ် တော်နှင့်အတူ တစ်ဆယ်ငါးရက်တိတိ သီ တင်းသုံး စံပ္ပါယ်တော်မူစေ၏။ ထို့ နောက် ရတနာ ရွှေကြုတ်တော်အတွင်း သီတင်းသုံးနေ တော်မူ သောမြတ်စွယ်တော်ပွားအား တောင်း ပန် လျှောက်ထားပြီး မီးသင်္ဘောဖြင့် သီဟို ကျွန်းမှ မြန်မာနိုင်ငံသို့ ပင့်ဆောင်ခဲ့ကြ၏။ မြန်မာ ပြည်သို့ရောက် လေသော် ရန်ကုန်မြို့၌ ခေတ္တ အပူဇော်ခံ၏။

ထို့နောက်အထူးရ ထားဖြင့် ပေါင်းတည်မြို့သို့ ဆက်လက်ပင့် ဆောင်ခဲ့ကြ ရာ ၁၂၅၉ ခုနှစ်တော် သလင်း လဆန်း ၁၃ ရက် (ခရစ်နှစ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ ၈ရက်) မွန်းလွဲ ၂ နာရီ အချိန်တွင် ပေါင်း တည်မြို့သို့ ရောက်ရှိလေ၏။ မြတ်စွယ်တော် အား ဆရာတော်ဦးဝိမလ၏ မိန့်ကြားချက် နှင့်အညီ သစ်ခေါင်ကြီးဦးတော်ကြီးနှင့် ဆွေမျိုးများက လှပထွားကျိုင်း သော ဆင်၂၁ ကောင်အားကကြိုးထိပ်အုပ် တန်ဆာ ဆင်လျက် မီးရထားဘူတာမှ ကြိုဆိုနေကြ လေ၏။ မြတ်စွယ်တော်ပင့် ရထား ဆိုက်ရောက် လာသည့်အခါ ဦးတော်ကြီး၏ ကျောက်နီကြီး ခေါ်ဆင်ပြောင်ကြီး ပေါ်ဝယ် တင်ဆောင်ထား သည့် ပြာသာဒ်ကျောင်း ဆောင်ပေါ်တွင်မြတ် စွယ် တော်အားပင့် ဆောင်သီတင်းသုံး စေ၏။ ထို့ နောက်နောက်ပါ ဆင်များ၊ ဓား၊ လှံကိုင် စစ်သည်များ ခြံရံလျက်အတီးအမှုတ်အက အခုန်များဖြင့် မြို့ တွင်းသို့လှည့်လည်ကြ၏။ ည ၈နာရီအချိန်မှ ခေတ္တသီတင်းသုံးမည့် ရွှေ ကျောင်းကြီး တိုက် သကျမုနိမိုဃ်း ကောင်း ဘုရားကြီးအတွင်းသို့ ရောက် ရှိ လေ၏။ မြတ်စွယ်တော်ရတနာအား ကျောက်မျက် ရတနာတို့ဖြင့်ပြီးသောရွှေ ပြသာဒ်အတွင်း ရွှေစစ်ကြာပွင့် ပလ္လင်ခံပြီး ရွှေကလပ်တွင် စိန်၊ ရွှေ၊ ပတ္တမြားစသည့် ရတနာအမျိုးမျိုးဖြင့် မွမ်းမံထားသည့် ရွှေကြုတ်တော် အတွင်း ကိန်း ဝပ်စေတော်မူလေ၏။

၁၂၆ဝ ပြည့်နှစ်မှစ၍ ဂေါပကလူကြီးများ ဦးစီးကာ တော်သလင်းလ ဆန်း ၁၃ ရက် နေ့တိုင်းတစ်နှစ်တစ်ကြိမ်မြတ် စွယ်တော်လှည့်လည်အပူဇော်ခံပွဲကျင်းပလေ၏။  မြတ်စွယ်တော်လှည့်ပွဲတွင် မင်္ဂ လာ စည်တော်အဖွဲ့၊ ဇာတ်၊ နိပါတ်ရုပ်ပြောင် အတီးအမှုတ် အဖွဲ့များ၊ ဥပသကာ၊ ဥပသ ကာမများဖြင့် စည်ကား  သိုက်မြိုက်စွာ လှည့် လည်ဖျော်ဖြေကြ၏။သို့ပါ၍ ရှေးနှစ်ပေါင်း တစ်ရာကျော်တိုင်က ပင် တည်ရှိနေသည့် ဗုဒ္ဓမြတ်စွယ်တော်နှင့် ပူဇနိယပွဲတော်အား သွားရောက်ကြည်ညို သဒ္ဓါပွားနိုင်ပါရန် ရေး သားပူဇော်လိုက်ရပါ၏

နိုင်ထွန်း(TGI) 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071