Sunday, June 21, 2026

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို သွားမည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် ရာထူးတာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်ပအလုပ်အကိုင်များကိုမြှင့်တင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုများကို အချက်ပြရန် ရည်ရွယ်သည့်ခရီးစဉ်တစ်ခုအနေဖြင့်...

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။ မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ...

ဖားကန့်မြို့၌ ဥရုချောင်းရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ကာ ယနေ့ ဇွန် ၂၁ ရက်နံနက်အစောပိုင်းမှစတင်၍ ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ "ချောင်းရေတက်လာတာအရမ်းမြန်တယ်။...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက ဆန်များလှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ဒေသခံအိမ်ထောင် စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက အိမ် ထောင်စုတစ်စုလျင် ဆန်(၁၂)ပြည်နှုန်းဖြင့် ဇွန် ၂၀ ရက်တွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ " ကော့ကရိတ်မြို့ပေါ်...
HomeArticlesဆောင်းအိပ်မက်-၎

ဆောင်းအိပ်မက်-၎

ယောကျာ်းတွေမှာလည်း အရွယ်အားဖြင့် သုံးပါးရှိပါတယ်။ တွေမှာလည်း အရွယ်အားဖြင့် သုံးပါးရှိပါတယ်။ ၁။ အချစ်ကို မျှော်လင့်တဲ့အရွယ်၂။ အချစ်ကို ရှာဖွေတဲ့အရွယ်။ ၃။ အချစ်ကို စောင့်ဆိုင်းနေတဲ့     အရွယ် ငယ်ရွယ်စဉ်မှာတော့ အချစ် ဆိုတာ အချိန်မရွေးရရှိနိုင်တဲ့အတွက် ကိုယ်နဲ့သင့်တော်ရာကို မျှော်လင့်ခဲ့ ကြပါတယ်။ အရွယ်ရောက်လာတဲ့ အခါ ကိုယ်တိုင်မျှော်လင့်တာ ရောက်မလာတော့ သင့်တော်ရာကို လိုက်ပြီးရှာဖွေရပြန်ပါတယ်။ အ သက်အရွယ်ရလာတဲ့အခါငယ် စဉ်ကလိုမျှော်လင့်ချက်ကလည်း မရှိ။ ရှာလည်းမရှာဖွေနိုင်တော့ တဲ့အခါ ရောက်လာလို့ ရောက်လာ ငြား ပြန်လည်စောင့်ဆိုင်းနေရ ရှာပါ တော့တယ်။ အမှန်တော့ အချစ်ဆို တာ လူတိုင်းနဲ့ သင့်တော်ပါတယ်။ အချစ်စစ်တစ်ခုဟာ လူရဲ့ခန္ဓာကိုယ် နုပျိုစေပါတယ်။

အသွေးအသားကို လည်း လတ်ဆတ်စေပါတယ်။ ဒါပေ မဲ့ အချစ်အတုနဲ့ တွေ့တဲ့အခါလည်း ပူစရာသိပ်မရှိပါဘူး။ အနည်းဆုံး တော့ကဗျာဆရာဖြစ်နိုင်ပါသေး တယ်။  အချစ်ဆိုတာ အမှန်တော့ ကမ္ဘာဦးကတည်းကစတဲ့ ပထမဆုံး မကောင်းမှု အသိÓဏ်လည်းဖြစ်ပါ တယ်။ တချို့ကလည်း အချစ်ဆိုတာ အကောင်းမြင်စိတ်က စတင်တယ်လို့ ဆိုပါတယ်။ ဟုတ်ကောင်းဟုတ်ပါ လိမ့်မယ်။ အချစ်ဆိုတာ အကောင်း မြင်စိတ်က စတင်ကောင်း စတင်ပါ လိမ့်မယ်။ ဒါပေမဲ့ အတော်များများ ဟာ အဆိုးမြင်စိတ်နဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ တကယ်ချစ်လာတဲ့အခါ အချစ်နဲ့အတူ သံသယစိတ်ဆိုတာ ကပ်လျက်ပါလာပါတော့တယ်။ သံသ ယစိတ်က သဝန်တိုစိတ်ကို အမြဲတမ်း နှိုးဆွနေလေ့ရှိပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ၊ တကယ်ချစ်မိတဲ့ အခါ ကိုယ့်ရဲ့ချစ်သူကိုသံသယနဲ့ အမြဲကြည့်ပြီးသဝန်တိုစိတ်နဲ့ ဆုံးဖြတ် လာပါတော့တယ်။  သံသယတွေများ၊ သဝန်တိုစိတ် တွေ တိုးပွားလာတဲ့အခါ အလိုလို နေရင်း မုန်းတီးစိတ်တွေ ဝင်လာပါ တော့တယ်။ အလကားသက်သက် နေရင်း ကိုယ့်အချစ်ဆုံးသူကို မုန်းတီး လာပါတော့တယ်။ အလွယ်ကူဆုံး အကောင်းမြင်စိတ်ကနေ မကောင်း မြင်စိတ်ဖြစ်လာပါတယ်။ အဲဒီအခါ ကိုယ့်ချစ်သူကို ကြက်သွန်နီလို သဘောထားလာပါတော့တယ်။ စိတ် ထဲမှာလဲ  “နင်နဲ့တွေ့တိုင်း ငါမျက်ရည်ကျ နေရအောင် နင်ကလူလား၊ ကြက် သွန်နီလား”ဆိုပြီး ဇဝေဇဝါ ဖြစ်လာ ကြပါတယ်။

အမှန်တော့ချစ်သူက ကြက်သွန် နီမဟုတ်ပါဘူး။ ကိုယ်တိုင်သူ့ကို ကြက်သွန်နီအဖြစ် မွေးဖွားလိုက်တာ ပါ။ အမှန်တော့ “အချစ်ဆိုတာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပါပဲ” တချို့က ကိုယ့်ရင်ထဲ ကိုယ့် ဟာကိုယ် ဘုရားတည်ထားကြတာ လေ။ ကိုယ်တိုင်အချစ်ကို ကိုးကွယ် လာကြတယ်။ ဒါကြောင့် ကိုယ်တိုင် ရင်ထဲထည့်ထားတဲ့ဘုရားက ခိုင်မာ ပြီး ကိုယ့်ချစ်သူက ကြက်သွန်နီဖြစ် လာပါတော့တယ်။ တစ်ခါတလေ မှာလည်း စဉ်းစားစရာ ဖြစ်လာပါ တယ်။  မိန်းကလေးတစ်ယောက်က ကိုယ့်ကိုခေါင်းညိတ်အဖြေပေး လိုက်တာဟာ “သူကိုယ့်ကိုတကယ် ချစ်လို့ ခေါင်းညိတ်လက်ခံလိုက်တာ လား။ ဒါမှမဟုတ် ရန်ဖြစ်စရာ လက်ရည်တူတွေကို လက်ခံလိုက်တာ လား” ဆိုတာပါပဲ။ ဘာကြောင့်လဲ၊ သူခေါင်းညိတ်ပြီးတာနဲ့ ရန်ပွဲတွေက စရတော့မှာကိုး။ ဒါကြောင့်ပြောပါ တယ်။ “အချစ်ဆိုတာ ဖူးစာဆုံလို့ကြုံ ရတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဝဋ်ြေ<ွကးပါလို့ ပေးဆပ်ရတာလည်း ဖြစ် နေနိုင်ပါတယ်။ လင်မယားဆိုတာ ခန္ဓာကိုယ်နှစ်ခြမ်းလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှေးဘဝထဲက ရန်ငြိုးရန်စ ရှိလို့ ဒီဘဝထိ တိုက်ခိုက်နေရတဲ့ ကြိုးဝိုင်းထဲက လူနှစ်ယောက်လည်း ဖြစ်ပါလိမ့်မယ်” ဒီလိုပြောနေလို့ မိန်းကလေး တွေကိုချည်း အပြစ်မြင်နေတာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်တွေ့ ကြုံခဲ့တဲ့ အတွေ့အကြုံအရဆိုရင် ယောက်ျားတွေလဲသိပ် ကောင်းလှ တာမဟုတ်ပါဘူး။ ဘာကြောင့် လဲဆိုတော့ ယောက်ျား လေးနဲ့ မိန်းကလေးတွေမှာ မတူညီ တဲ့ သဘောဆန္ဒတွေ ရှိနေ တတ်လို့ ပါ ပဲ။ အချစ်မှာယောက်ျားတွေက စချစ် ပါတယ်”  “မိန်းကလေးတွေက ဆက်ချစ် ပါတယ်။” ဒါဟာ များသောအားဖြင့် အမှန်ပါပဲ။ စဉ်းစားကြည့်လေ “ရည်းစားစကား စပြောရင် ယောက်ျားလေးတွေကချည်း စပြော တာပါပဲ”မိန်းကလေးတွေက စဉ်းစား တယ်။  “ဒီလူ၊ ငါနဲ့သင့်တော်၊ မသင့် တော်”ပေါ့။ အသေအချာ စဉ်းစားပြီး ခိုင်မာပြီဆိုမှ ခေါင်းညိတ်အဖြေပေး ပါတယ်။ ဒီလိုနဲ့  ချစ်သူဖြစ်ကြပါ တယ်။

အဲ . . . ကြာလာတဲ့အခါ မှာ ယောက်ျားလေးတွေက တခြား ဘက်လှည့်ပြီး ပြန်စချစ်ပါတယ်။ မိန်းကလေးတွေက ဒီတစ်ယောက်ကို ပဲ ဆက်ချစ်နေပါတယ်။ စဉ်းစား ကြည့်ပါ။ အသည်းကွဲရင် မိန်းကလေး တွေကချည်း။ ဒီတော့ ဘာဖြစ်သလဲ ဆိုရင် မိန်းကလေးတွေက မခံမရပ် နိုင်ဖြစ်ပြီး ဓားနဲ့ထိုးတာတွေ ဘာတွေဖြစ်လာပါတယ်။  အမှန်တော့ သူတို့မှာ ဗီဇအရ ကို အဲဒီလောက် သတ္တိမရှိပါဘူး။ ဒါပေမဲ့ မခံမရပ်နိုင်ဖြစ်လာတဲ့အခါ ဓားနဲ့ထိုးတာတွေ ဘာတွေဖြစ်လာပါ တယ်။  သြော် . . . ပြောသာပြော ရတာ။ ခုခေတ်ကတစ်ခုခုဖြစ်တိုင်း နောက်ကျောကို ဓားနဲ့ထိုးခံရတယ်။ “ဘာညာပြောနေချိန်မှာ ကျုပ်တို့ ကျတော့ ဓားနဲ့ထိုးဖို့မပြောနဲ့၊ ကလိ တောင်ထိုးမယ့်သူမရှိဘူး”

လေးစားစွာဖြင့်

အကြည်တော်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071