Monday, July 27, 2026

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃)...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times...

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့...

ပုသိမ်၊ဇူလိုင်-၂၇ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့...

အားကောင်းသော မုန်တိုင်းငယ် အိန္ဒိယကမ်းခြေဘက်သို့ ဦးတည်၊

မြန်မာနိုင်ငံကို တို-က်ရို-က် သက်ရောက်နိုင်ခြေ မရှိသေးဟု မိုးဇလထုတ်ပြန် နေပြည်တော်၊ ဇူလိုင် ၂၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော မုန်တိုင်းငယ်...

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ...

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ...
HomeCelebrities' Newsကျော်ထူး ပြောပြတဲ့ ပြက်လုံးတွေ...

ကျော်ထူး ပြောပြတဲ့ ပြက်လုံးတွေ ရှားလာရခြင်းအကြောင်း

ဟာသသရုပ် ဆောင်အနေနဲ့ ရပ်တည်နေတဲ့ ကျော်ထူးက လူရွှင်တော်အနေနဲ့ လည်း ဧရာနဲ့အတူ အတွဲညီညီနဲ့ အချိန်အတော်ကြာ ကပြဖျော်ဖြေခဲ့ တာတွေရှိခဲ့ပါတယ်။ အရင်ခေတ်ကတော့ လူရွှင်တော်ဆိုရင် အတွဲလိုက်တွေ ဖျော်ဖြေတာမျိုးရှိပြီး အခုခေတ်တော့ လှုပ်ရှားမှုတွေကိုတွေ့ရတယ် လို့ကျော်ထူးက ဆိုပါတယ်။ နောက် ပိုင်းမှာ လူရွှင်တော်တွေကြား ပြက်လုံး တွေ ရှားပါးလာခြင်းနဲ့ ပက်သက်လို့လည်း ကျော်ထူးက “ကျွန်တော်တို့လူရွှင်တော်လုပ် တုန်းကဆိုရင် အတွဲတွေနဲ့ပဲရှိတာ ခင်ဗျ။ ဥပမာ- မော့စ်နဲ့မိုးဒီ၊ မေတ္တာ နဲ့ကွမ်းသီး၊ ဆိုနီနဲ့မိုးကျော် ဒီလိုတွေ အတွဲလေးနဲ့သွားကြတယ်။ ကျွန်တော်ကတော့ ဧရာနဲ့အတွဲပေါ့။ ဒီနောက်ပိုင်းမှာဆိုရင် အဖွဲ့လိုက်ဖြစ်ကုန်တယ်။ 5-Star အမေ၊ ဟားတစ်သိုက်၊ ဒီလို Group လေးတွေဖြစ်လာတယ်။  ပျက်လုံးတွေရှားလာတဲ့ အဓိက အကြောင်းအရင်းကလည်း စာဖတ်အားပါပဲ။ ကျွန်တော်တို့ဆီမှာ ဟာသနဲ့ဝမ်းစာရှာတဲ့ လူရွှင်တော် တော်တော်များများက စာပဲမတတ်တာလား၊ စာဖတ်အားပဲ နည်းနေတာလားမသိဘူး။ စာများများဖတ်မှ အတွေ့အကြုံတွေရှိမှ ပျက်လုံးအသစ်တွေ ထွက်လာမယ်။ အခုတော့ Version သဘောမျိုးနဲ့ပဲ ပြန်ပြန် လုပ်နေကျတယ်။ အားနည်းချက်က မရှာကြတော့ဘူး။ မဖွေကြတော့ဘူး။ ဒါကြောင့်နောက်ပိုင်း ပျက်လုံးတွေ ရှားလာတာပါ”လို့ ကျော်ထူးက ပြောပြပါတယ်။

 ကျော်ထူးက ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ဇာတ်ကားမှာ ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။ သားသမီး ၄ ယောက်ရှိတဲ့အထဲမှာလည်း ၂ ယောက်က အနုပညာဝါသနာပိုး ပါလာတယ်လို့ ကျော်ထူးက ဆိုပါတယ်။ သားနဲ့သမီးကလည်း အနုပညာဝါသနာပါသလို သူတို့တွေအတွက်လည်း အနုပညာအမွေပေးချင်တဲ့ ကျော်ထူးက “ကျွန်တော့်မှာ သားသမီးလေးယောက်ရှိပါတယ်။ သားအငယ်နဲ့ သမီးက အနုပညာဝါသနာပါကြတယ်။ ဒီအလုပ်က အရင်းအနှီးလိုတယ်။ အနုပညာအရင်းအနှီးရယ်၊ ငွေအရင်းအနှီးရယ် နှစ်မျိုးစလုံးလိုတယ်။ ကိုယ်တွေက ဇာတ်ပို့ဇာတ်ရံဖြစ်တဲ့ အတွက် ရရှိတဲ့ငွေအရင်းအနှီးနဲ့က သူတို့ကို မင်းသား၊ မင်းသမီးဖြစ်ဖို့ မထောက်ပံ့နိုင်တဲ့အတွက် နည်းနည်းတော့ဝေးပါတယ်။ ကျွန်တော်လည်း မြေတောင်မြှောက်ပေးချင်စိတ်ရှိသလို၊ သူတို့ကလည်း တကယ်ကြိုးစားချင်တယ်။ ဒီလိုဖြစ်ချင်ပေမယ့် ကျွန်တော့်မှာ အရင်းအနှီးမရှိဘူး။ နောက်တစ်ခုက မိဘအောင်မြင် တိုင်းသားသမီးအောင်မြင်တာမျိုး မရှိတာတွေလည်းတွေ့ဖူးတယ်။ ကျွန်တော် ဒါပေမဲ့ တစ်ချိန်မဟုတ်တစ်ချိန်တော့ ကျွန်တော်မသေခင် သူတို့လေးတွေအတွက် လုပ်ပေးမှာပါ”လို့ ကျော်ထူးက ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071