Monday, June 15, 2026

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌...

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့်...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို...

ရန်ကုန် Smart City စီမံကိန်း...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ...

ရန်ကုန် Smart City စီမံကိန်း...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ...
HomeArticlesကျောင်းပျော်ကြီးကျွန်တော် (၁၇)

ကျောင်းပျော်ကြီးကျွန်တော် (၁၇)

မဟာဝိဇ္ဇာဘွဲ့မှတ်တိုင်

၁၉၆၆-၆၇ ပညာသင်နှစ်မှာ ကျွန်တော် မဟာဝိဇ္ဇာ နောက်ဆုံး နှစ် အပိုင်း ၂ တက်ရသည်။ အပိုင်း ၁ တုန်းက ဘာသာစကားကို အထူး ပြုလေ့လာရသည်။ ယခု အပိုင်း ၂ မှာတော့ စာပေကို အထူးပြုလေ့လာ ရသည်။ ထိုနှစ်သင်ကြားမည့် စာပေ သင်ရိုးကို စာတစ်ကြောင်းတည်းဖြင့် အကျဉ်းချုပ် ဖော်ပြထားသည်။ ‘ကုန်းဘောင်ခေတ်စာပေကို ပြဋ္ဌာန်း သည်’တဲ့။ ကျွန်တော် ထိုစာကိုဖတ်ပြီး တော်တော်လန့်သွားသည်။ ကုန်း ဘောင်ခေတ်စာပေဆိုသည်မှာ နယ်ပယ်အကျယ်ကြီးဖြစ်သည်။ တစ်ခေတ်လုံး ခြုံမိအောင် လေ့လာ ရသည့်အလုပ်မှာ စဉ်းစားကြည့်ရုံနှင့် ပင် ရင်လေးစရာကောင်းပါသည်။

သို့သော် ကျွန်တော်စိတ်ပေါက် ရသလို အခြေအနေက မဆိုးလှပါ။ ကုန်းဘောင်ခေတ်စာပေကို ဆရာကြီး၊ ဆရာမကြီး ၄ ဦးတို့က ကဏ္ဍခွဲခြား၍ လမ်းညွှန်ပို့ချပေးရန် ပါမောက္ခ ဆရာကြီးက စီစဉ်ထားသောကြောင့် ဖြစ်သည်။ ပါမောက္ခဆရာကြီး ကိုယ်တိုင်နှင့် ကထိကဆရာမကြီး ဒေါ်ခင်စော၊ ဆရာကြီး ဦးအောင်မိုး၊ ဆရာကြီး ဦးတင်မောင်ဌေးတို့က ကုန်းဘောင်ခေတ်မြန်မာစာပေကို သက္ကရာဇ်စဉ်အတိုင်း ကဏ္ဍများခွဲ ၍ တာဝန်ယူပို့ချပါသည်။

ပါမောက္ခဆရာကြီး ဦးမောင် ကြီးက ‘ကုန်းဘောင်ခေတ် ဘာသာ ပြန်စာပေ’ဟူသော ခေါင်းစဉ်ဖြင့် လမ်းညွှန်ပို့ချသည်။ ကုန်းဘောင် ခေတ်တွင် အခြားနိုင်ငံများနှင့် ဆက်သွယ်မှုကို အကြောင်းပြု၍ အင်္ဂလိပ်၊ ပေါ်တူဂီ၊ တရုတ်၊ ယိုးဒယား (ထိုင်း) စသည့် စာပေများကို မြန်မာဘာသာပြန်သော စာပေများ ပေါ်ပေါက်လာပုံကို လမ်းခင်းပြသည်။ အင်္ဂလိပ်မြင်းကြန်၊ ပေါ်တူဂီ (ပူတကေ) ရာဇဝင်၊ တရုတ်ဆေးကျမ်း၊ ယိုးဒယားဇာတ် တော်ကြီးများ စသည်တို့ကို လေ့လာရသည်။ ကင်းဝန်မင်းကြီးနှင့် ယောမင်းကြီးတို့၏ ကျမ်းများမှ ဘာသာပြန်ဝေါဟာရများ၊ မွေးစား သော ဝေါဟာရများကိုလည်း လေ့လာရသည်။ ပါမောက္ခဆရာကြီး လမ်းခင်းပေးသည့်အတိုင်း စာအုပ် စာတမ်းများ ရှာဖွေဖတ်ရှု လေ့လာ ရပါသည်။ နှစ်ကုန်သောအခါ ကုန်း ဘောင်ခေတ် ဘာသာပြန်စာပေ လမ်းကြောင်းကို မြင်လာရပါသည်။

ကုန်းဘောင်ခေတ်စာပေ ခေတ်ဦးပိုင်းကို ဆရာကြီး အောင်မိုး၊ ခေတ်လယ်ပိုင်းကို ဆရာကြီး ဦးတင် မောင်ဌေး၊ ခေတ်နှောင်းပိုင်းကို ဆရာမကြီး ဒေါ်ခင်စောတို့က ခွဲဝေ လမ်းညွှန်ပေးသည်။ လေ့လာရမည့် စာဆိုများနှင့် စာပေများကို ခြုံ၍ မိတ်ဆက်ပေးသည်။ အသေးစိတ်ကို မူ စာကြည့်တိုက်များမှာ ရှာဖွေလေ့ လာရသည်။ မြန်မာစာဌာန စာကြည့် တိုက်သာမက အမျိုးသားစာကြည့် တိုက်၊ တက္ကသိုလ်စာကြည့်တိုက်များ သို့သွားပြီး စာအုပ်များ ရှာဖွေငှား ရမ်းလေ့လာရသည်။ ကုန်းဘောင် ခေတ်စာပေကို မြင်ကွင်းကျယ်ကျယ် ကြည့်ရ၍ များစွာအသိအမြင်တိုးပါ သည်။ အမျိုးသားစာကြည့်တိုက်မှာ ‘တွင်းသင်းရာဇဝင်’၊ ‘လိပိဒီပိကာ ကျမ်း’စသည့် ပေမူများကို လေ့လာ ဖတ်ရှုပြီး မှတ်စုထုတ်ရသည်။ ရေးသူ နာမည်မပါသော အလောင်းမင်း တရား အရေးတော်ပုံ ၂ စောင်ကို ဆရာကြီး ဦးတင်မောင်ဌေးက အသေးစိတ်နှိုင်းယှဉ်ပြီး စကားသုံး နှုန်းပုံ၊ ဝါကျဖွဲ့ပုံတို့ကို လေ့လာပြ သည်။ ဘယ်အရေးတော်ပုံကို ဘယ်သူရေးခြင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချပြသည်။ အလွန် ဗဟုသုတကြွယ်သော မုံရွေးဆရာ တော်၏ ပျို့များကို လေ့လာပြီး ထူးခြားသော မှတ်သားစရာများကို မှတ်သားရသည်။ ‘ကုသပျို့’၊ ရန်ကုန် မှာ ဝယ်မရသဖြင့် မန္တလေးက မိတ် ဆွေက ဝယ်လာပေးသည်ကိုလည်း မှတ်မိနေသည်။ မဟာသီလဝပျို့ ရေးသည့်အချိန်ကို နောက်ခံဖြစ် သော ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ နှင့် ဆက်စပ်လေ့လာသောအခါ အဓိပ္ပါယ်ပို၍ ထင်ရှားလာသည့် အပိုင်းများ တွေ့ရသည်။ ဆရာကြီး ဦးအောင်မိုးက ဦးရွှေခြည်၏ စန္ဒ ကိန္နရီပျို့တွင် ပါဠိစကားလုံးများကို ပါနဘေထပ်ပြီးဖွဲ့သော စာဆို၏ အရေးအဖွဲ့ဂုဏ်ကို ဖော်ထုတ်ပြ သည်။ ဆရာမကြီး ဒေါ်ခင်စောက ဦးပုည၏ ပြဇာတ်များ၊ ဟောစာများ ကို ပို့ချပေးသည်။ ဒေါက်တာ ထင် အောင်၏ Burmese Drama (မြန် မာပြဇာတ်) ကျမ်းကိုလည်း ဖတ်ရှုကိုး ကားရသည်။

ပါမောက္ခဆရာကြီးကမဟာဝိဇ္ဇာ ဘွဲ့အတွက် ဆက်လက်ပြုစုရ မည့် သုတေသန ကျမ်းခေါင်းစဉ်ကို ထိုနှစ်အတွင်းမှာပင် တင်သွင်းရန် သတ်မှတ်သည့်အတွက် ကျမ်းခေါင်း စဉ်ပြင် ဆင်ရသည်။ အတူအတန်း တက်သူများက ကိုယ်စိတ်ဝင်စား သော နယ်ပယ်များမှ သုတေသနပြု ရန် အကြောင်းအရာများကို ရှာဖွေ ကြသည်။ ကျွန်တော်က မဟာဝိဇ္ဇာ အပိုင်း (၁)မှာ ဘာသာ ဗေဒသင်ရ ကတည်းက ဘာသာဗေဒနည်းဖြင့် မြန်မာဘာသာ စကား၏ ကဏ္ဍတစ်ခုကို သုတေ သနပြုရန် စိတ်ကူး ထားသည်။ ကျမ်းခေါင်းစဉ် ရွေးချယ် သောအခါ မြန်မာစကား နယ်ပယ် တွင် နေ့စဉ် ပြောဆိုသုံးနှုန်းနေ သော ‘မျက်နှာ လိုက်သည်၊ နားခါး သည်၊ အိုးနင်းခွက်နင်း၊ ကျီးကန်း တောင်းမှောက်၊ ဂယက်ရိုက်သည်၊ ပတ်စာ ခွာဖျာသိမ်း’ စသည့် တင်စား သော အနက်ရှိသော ‘ဓလေ့သုံး စကား များ’ကို ကျမ်းပြုလိုပါကြောင်း ခေါင်းစဉ် တင်ပြလိုက်သည်။ ထိုစဉ် က ကျမ်းခေါင်းစဉ် စိစစ်ရေးအဖွဲ့တွင် ပြင်ပပညာရှင် စာရေးဆရာများ ပါဝင်သည်။ ဆရာဇော်ဂျီ၊ ဆရာ ဇေယျ၊ ဆရာမောင်ထင်၊ ဆရာ တိုက်စိုး၊ ဆရာသိန်းဖေ မြင့်’ စသည့် ဆရာ ကြီးများဖြစ်သည်။ ထိုဆရာ ကြီးများက ကျွန်တော်တို့ တင်ပြ သောကျမ်းခေါင်းစဉ်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးပြီး ပြင်ဆင်စရာ ရှိလျှင် ပြင်ဆင်၍ အတည်ပြု ပေးသည်။ ကျွန်တော့် ကျမ်းခေါင်းစဉ်ကို ‘အသုံးရွေ့လာ သော မြန်မာစကားသုံး စကားများ’ အမည်ဖြင့်အတည်ပြုပေး လိုက်ပါ သည်။ ကျမ်းကြီးကြပ်သူအဖြစ် ဆရာမကြီး ဒေါ်ခင်ခင်အေးကို တာဝန်ပေးပါသည်။

မဟာဝိဇ္ဇာ နောက်ဆုံးနှစ် အပိုင်း (၂)စာမေးပွဲကို ချောချော မောမော ဖြေနိုင်ပါသည်။ ‘ရေးဖြေ’ စာမေးပွဲ အောင်မြင်ကြောင်း အောင် စာရင်းထွက်ပြီးနောက် ဆက်လက် ၍ ကျမ်းပြုရပါသည်။ ကျမ်း ခေါင်းစဉ်အတည်ဖြစ်ပြီးဖြစ်သည့် အတွက် ကျမ်းကြီးကြပ်သူ၏ လမ်း ညွှန်မှုကို ခံယူပြီး ကျမ်းပြုရသည်။ ဆရာမကြီး ဒေါ်ခင်ခင်အေးက ဖတ် သင့်သောစာအုပ်များကို လမ်းညွှန် သည်။ ဇာတ်သုံးစကားများ၏ ဖွဲ့ စည်းပုံနှင့် အနက်အဓိပ္ပါယ် သက်ရောက်ပုံများကို ဘာသာဗေဒ၊ အတ္တဗေဒရှုထောင့်များမှ လေ့လာ နိုင်ရန်အတွက် အတ္တဗေဒစာအုပ် များကို ဖတ်ခိုင်းသည်။ အတ္တဗေဒ ပညာရှင် အူလ်မန်း Stepher Ullmann ၏ အတ္တဗေဒ Semantics စာအုပ်၊ Words and Their Use စာအုပ်တို့ကို ဖတ်ရ သည်။ ဓလေ့ သုံးစကား idiom ၏ သဘောကို လည်း လေ့လာရသည်။ တစ်ဖက်တွင် ဓလေ့သုံးစကား သာဓ ကများကို စာအုပ်စာတမ်းများထဲမှ အကိုး အကားအဖြစ် ထုတ်နုတ်၍ စု ဆောင်းရသည်။ စာလုံးများကို ၅ လက်မ x ၃ လက်မ ကတ်ပြားများ တွင် ရေးမှတ် ‘ကတ်တင်’ရသည်။ အနက်ဖွင့်ရသည်။ ရှင်းလင်းချက်များ ရေးရသည်။ ကြီးကြပ်သူနှင့် အနည်း ဆုံး တစ်လတစ်ကြိမ် တွေ့ဆုံပြီး ရေးပြီးသည့်အပိုင်းများကို ပြရ သည်။ ၁၉၆၇ ခုနှစ်၊ မတ်လ၊ စာမေးပွဲဖြေပြီးချိန်ကစ၍ ကျမ်းကို ပြုစုရာ ၂ နှစ်အကြာ ၁၉၆၉ ခုနှစ်၊ မတ်လမှာ ပြီးစီးပါသည်။ ကျမ်းကို ချောချောမောမော တင်သွင်းနိုင်ပါ ပြီ။

ကျမ်းအတွက် နှုတ်မေးစာမေး ပွဲ (viva voce) ဖြေရသည်ကိုလည်း အမှတ်ထင်ထင်ဖြစ်နေပါသည်။ မြန်မာစာဌာနမှ ဆရာကြီး၊ ဆရာမ ကြီးများနှင့်အတူ ပြင်ပစာစစ်များ အဖြစ် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်၊ မြန်မာစာပါမောက္ခ ဆရာကြီးဦးချမ်းမြနှင့် ဘာသာဗေဒ ပညာရှင် ဆရာဗိုလ်ဗကို တို့က ဆောင်ရွက်ကြသည်။ ကျွန်တော့် ကျမ်းကို စစ်ဆေးရာတွင် ပြင်ပ စာစစ်အဖြစ် ဆရာဗိုလ်ဗကိုက ဆောင်ရွက်ပြီး အတွင်းစာစစ်အဖြစ် ဆရာမကြီး ဒေါ်သန်းဆွေနှင့် ဆရာ ဦးရွှေသွင်တို့က ဆောင်ရွက်ပါသည်။ ထူးခြားသည်မှာ ထိုနှစ်က တင်သွင်း သော ကျမ်းများတွင် ကျွန်တော့်ကျမ်း တစ်ကျမ်းသာ ဘာသာစကားလေ့ လာသောကျမ်းဖြစ်ပြီး ကျန်အတန်း ဖော်များ၏ ကျမ်းများအားလုံး စာပေ လေ့လာသောကျမ်းများဖြစ်နေခြင်း ဖြစ်ပါသည်။ စာစစ်ပုဂ္ဂိုလ်များ မေးမြန်းသည့် မေးခွန်းများကို ကြိုး စား၍ ပြောခဲ့ပါသည်။ အားလုံး စစ်ဆေးပြီးတော့ ည ၈ နာရီခန့်ရှိပါ ပြီ။ ဆရာပါမောက္ခက ကြိုးစားမှုများ ကို အသိအမှတ်ပြုကြောင်း ပြော သည်။ ပြင်ပစာစစ်များက ဆက်လက် လေ့လာကြရန် သြဝါဒ ပေးသည်။ အားလုံးစိတ်လက်ပေါ့ပါး သွားကြပါ သည်။
အောင်စာရင်းထွက်လာတော့ ဝမ်းသာစရာနှင့် ကြုံရပါသည်။ အမှတ်အများ၊ အနည်းအစဉ်အ တိုင်း အောင်စာရင်းထွက်ရာ ကျွန်တော်က ဂုဏ်ထူးဖြင့် အောင် မြင်ပါသည်။ အားလုံးထဲမှာ ပထမရ ပါသည်။ အမှတ်တူဖြင့် အောင်သူ များလည်း ရှိပါသည်။ ကျွန်တော့် ကျမ်းမှာ မြန်မာစာဌာန တွင် ဘာသာဗေဒသင်ကြားပြီး နောက် ဘာသာဗေဒနည်းဖြင့် သုတေသန ပြု၍ တင်သွင်းသော ပထမဆုံးကျမ်း ဖြစ်သည့်အတွက် အ မှတ်တရဖြစ်ရ ပါသည်။ မဟာဝိဇ္ဇာဘွဲ့ရပါပြီ။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071