Monday, February 2, 2026

ပဲခူးမြို့တော်ခန်းမ၌ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မွန်တိုင်းရင်းသားမျာအနေဖြင့် မြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးပူး ပေါင်းကြိုးစားကြစေလိုဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင်ကျရောက်သည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ...

ပြည်မြို့နယ်၌ ငလျင်ဒ-ဏ်သင့် သုံးပန်လှအုတ်ကျောင်းတော်ကြီးကို အသစ်ပြန်လည်ပြုပြင်နေ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၌ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် သုံးပန်လှအုတ်ကျောင်းတော်ကြီးမှာ ပြိုကျပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ အသစ်ပြန်လည်ပြုပြင်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဖေဖော်ဝါရီ ၁ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် တိုင်းဝန်ကြီးချုပ်သည် ပြည်မြို့၊...

ဖေဖော်ဝါရီလ ရက်ရှည်ရုံးပိတ်ရက်အတွက် ကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင်...

လာမည့် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်များရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများ၌ ဟိုတယ်နှင့် တည်းခိုခန်းအားလုံး ၉၀ ရာခိုင်နှုန်းနီးပါး ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပြီဖြစ်ကြောင်း...

အက်ပ်စတိန်း ၏ ကျွန်းသို့ သွားရောက်ခဲ့သည်ဆိုသည့်...

ကာမရာဇဝတ်မှုများဖြင့် စွပ်စွဲခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်း ၏ ပုဂ္ဂလိကပိုင်ကျွန်းသို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားလိုက်သည်။ ထရမ့် နှင့် သမ္မတဟောင်း ဘီလ်ကလင်တန်...
HomePoemအန္ဓရဲ့ မြို့ရိုး

အန္ဓရဲ့ မြို့ရိုး

နင်နင်နေတဲ့အလွမ်းတွေ အံချဖို့
ဥာဏ်ရည်မမီတဲ့ကံကြမ္မာက
မုဆိုးမခေါင်းပေါင်းလို
ငါ့ကို လုံခြုံအောင်
မိုးမပေးနိုင်ခဲ့ဘူး။
ခွေးလေခွေးလွင့်တွေ
သံရှည်ဆွဲအူ လိုက်တဲ့ညတွေလို
တစ်ကိုယ်တည်း တပ်မက်စိတ်နဲ့
လောင်ကျွမ်းနေခဲ့ရတော့
ညတွေဟာ
နင့်ကိုကျွမ်းမူးလွမ်းရီစိတ်နဲ့
အိပ်မွေ့ချခံခဲ့ရ
ပုံပြင်ကိုအလယ်အူတိုင်ဖောက်သီပြီး
ရင်ဘတ်နဲ့အပြည့်ချိတ်ဆွဲမွေ့ပျော်ခဲ့တော့
တောနက်လေ မှော်ဆိပ်တက်လေ
လှေပျက်နဲ့ရွက်လွှင့်ခဲ့သူမှာ
တခမ်းတနား တရိရိ တလွမ်းလွမ်း
နင်ဖျက်သွားတဲ့ဆိပ်ကမ်းမှာ ကျောက်ချဖို့

နက္ခတ်မိနေတဲ့တောက်ခေါက်သံတွေနဲ့
ကျိန်စာတွေချေနေတယ်။
ဝေလေလေ ကလေကချေ တစ်ယောက်ပါ
ဒါပေမဲ့ နောက်ပွင့်မယ့်ဘုရားအဆက်ဆက်ထိ
မင်းလက်ကိုမိမိရရဆွဲပြီး
သံသရာထဲတိုးဝင်သွားရဲလောက်တဲ့အ ထိ
ချစ်မိတဲ့ငမိုက်ပါလေ
ဘယ်လောက်ထိအောင် ရူးတုန်းဆို
ငါ့မြို့ မီးဟုန်းဟုန်းတောက် ဖျက်သွား တာတောင်
ပြန်တည်ဆောက်ပြီး စောင့်ခဲ့သူလေ
နေပျော်ရာ အရပ်မှာ
နင်မပျော်တော့ရင် နှင်ခဲ့
အရှက်သိက္ခာမဲ့ ငမိုက်လေ
လမ်းတိုင်းမှာ ပန်းစိုက်ရင်း မျှော်နေမယ်
ဒီလိုနဲ့ နေ့တဓူဝ
ဝဋ်ဒုက္ခကို လျှော်ဖွတ်ရင်း
နှလုံးသားခြေကျင်းတန်းလန်းနဲ့ အကျဉ်းသား
ငါ့ထောင်ဘူးဝမှာ ငါခမ်းနားလို့ ။

လင်းသျှီလ(မြစ်ခြေ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071