Friday, May 1, 2026

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...
HomeCelebrities' Newsအနုပညာတွေစုပြီး မိခင်နှင့်အတူ ...

အနုပညာတွေစုပြီး မိခင်နှင့်အတူ မြန်မာသံတေးစီးရီး တစ်ခွေစီစဉ်မယ့် ၀င်းသပြေထွန်း

Wint-Ta-Paya-Tun

ဇာတ်သဘင်လောကမှာ ၁ဝနှစ်ကျော်ကြာ ဖြတ်သန်းလာခဲ့ပြီးပြီဖြစ်တဲ့ ဝင်းသပြေထွန်းကို ပရိသတ်တွေကလည်း သူ့ရဲ့အနုပညာအရည် အသွေးအပေါ် အသိအမှတ်ပြုထား ကြပြီဖြစ် သလို သဘင်အနုပညာလောကမှာလည်း သူဟာ နေရာတစ်နေရာလည်း ရရှိထားခဲ့ ပါပြီ။ လက်ရှိအချိန်မှာလည်း သူဟာဇာတ် ရော၊ အငြိမ့် မှာပါ ကပြလျက်ရှိနေပြီး သိပ်မကြာ ခင်မှာပဲ မိခင်ဖြစ်သူနဲ့အတူ မြန်မာသံတေးစီးရီးတစ် ခွေထွက်ရှိဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဒီအခွေကတော့ သူ့မိခင်နဲ့အတူတူ သီချင်းတွေသီဆိုချင်တာ ကြောင့် စီစဉ်ခြင်းဖြစ်ပြီး သီချင်းတွေကို လည်း အမေကြိုက်နှစ်သက်တဲ့ သီချင်း တွေကိုပဲ အဓိကထား ရွေးချယ်ထည့်သွင်း သွားမှာဖြစ်ကြောင်း သူကပြောပြ ပါတယ်။

“အမေက အသံတအား ကောင်း တယ်။ အမေက သူ့ရဲ့အနုပညာသက် တမ်းတစ်လျှောက်မှာ တစ်ကိုယ်တော် စီးရီးအနေနဲ့ မထုတ်ဖြစ်ခဲ့ရဘူး။ ဒါကြောင့်အမေ့ကိုလည်း အခွေလေး ထုတ်စေချင်တယ်။ ညီမကလည်း ထုတ်ချင် တယ်လေ။ ပြီးတော့အမေနဲ့ အတူတူလည်း သီချင်းတွဲပြီးဆိုချင်တယ်။ အမေနဲ့ညီမစုံတွဲ လေးတွေပေါ့။ Solo လေးတွေလည်းပါ ပါမယ်။ သီချင်းတွေကတော့ အရင်ခေတ်က သီချင်း ၄ပုဒ်၊၅ပုဒ်လောက်ပါမယ်။ ဒီဘက်ခေတ် သီချင်းတွေ လည်းပါမယ်။ ကိုယ့်သီချင်းတွေနဲ့ ကိုယ်လည်း ဖြစ်အောင်တော့ သီချင်းသစ်တွေ လည်းပါပါမယ်။ အမေလည်းကြိုက်မယ်၊ ညီမ လည်းကြိုက်မယ့် သီချင်းမျိုးလေးတွေကို အဓိက ထားထည့်သွားမယ်။ အမေက ကိုယ့်ထက်ပိုပြီး တော့ အများကြီးတတ်ပါတယ်။ အမေ ကောင်းမယ်ထင်မယ့် အမေရွေး ချယ်ပေးတဲ့ သီချင်းလေးတွေ ထည့်မယ်”လို့ စီးရီးခွေနဲ့ပတ် သက်လို့ ဝင်းသပြေထွန်းက ပြော ပါတယ်။

ဒီမြန်မာသံအခွေက သူ့အနေ နဲ့ အနုပညာကြေးတွေစုပြီး စီစဉ် ထုတ်လုပ်မှာဖြစ်တဲ့အတွက် နည်းနည်းတော့ အချိန်ကြာဦး မယ်လို့လည်း သူက ပြောပြပါ တယ်။ ဝင်းသပြေထွန်းက သဘင် မင်းသားကြီး ဦးချမ်းသာရဲ့ သဘင် သက်နှစ် ၄ဝပြည့်ဖျော်ဖြေ ပွဲကြီးမှာ တော့ ‘ပါးကွက်မ’ ပြဇာတ်မှာ သူက ပါဝင်တင်ဆက်မှာ ဖြစ်ပါတယ်။

“ဦးချမ်းဆိုတာ ညီမတို့ငယ် ငယ်ကတည်းက လေးစားခဲ့ရတဲ့ အနု ပညာရှင်ကြီးပါ။ အဲဒီတော့ အခုလို ကိုယ် လေးစားအားကျရတဲ့ အနုပညာရှင်ကြီး ရဲ့ပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက်က တအား လည်း ဝမ်းသာဂုဏ်ယူတယ်။ ဒါကကြုံ တောင့်ကြုံခဲပွဲကြီးပါ”လို့ ဦးချမ်းသာရဲ့ပွဲမှာ ပါဝင်တင်ဆက်ခွင့်ရတဲ့အတွက် သူကပီတိ စကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071