Saturday, May 2, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန်...

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန်...

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍...

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ်...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ...

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...
HomeCelebrities' Newsအနုပညာကို ဝါသနာမပါတဲ့ ဒွေးရဲ့သား...

အနုပညာကို ဝါသနာမပါတဲ့ ဒွေးရဲ့သား ဝေယံမိုး

Wai-Yan-Moeအကယ်ဒမီဒွေးနဲ့ မိုးမိုး တို့ရဲ့သားဖြစ်သူ ဝေယံမိုးကိုတော့ ဒွေး ၁ဝနှစ်ပြည့် အမှတ်တရပွဲမှာ ဆုံဖြစ်ခဲ့ ပါတယ်။ ဝေယံမိုးက အခုလက်ရှိမှာ အသက်၂၁နှစ် ရှိပြီဖြစ်ပြီး စင်ကာပူမှာ ကျောင်းတက်နေတာ ဖြစ်ပါ တယ်။ ဖခင်ဖြစ်သူဒွေး ၁ဝနှစ် ပြည့် အမှတ်တရပွဲ ရှိတဲ့ အတွက် မြန်မာနိုင်ငံ ကို ခေတ္တပြန်လာခြင်းဖြစ် ပါတယ်။ ဒွေးကွယ်လွန်ခဲ့ ချိန်မှာတော့ ဝေယံမိုးက အသက်၁ဝ နှစ်ဝန်းကျင်ခန့်ပဲ ရှိသေးတယ် လို့ သိရပါတယ်။ ဒွေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမှတ်တရတွေ ကိုမေးတော့

“သူဆုံးတာက လွန်ခဲ့တဲ့ ၁ဝနှစ် ကဆိုတော့ ကျွန်တော် ၁ဝ နှစ် ၁၁နှစ်လောက် ရှိပြီပေါ့။ ကျွန်တော့် မွေးနေ့မှာ သူနောက်ဆုံး လက်ဆောင်စက်ဘီးလေး ဝယ်ပေးခဲ့တယ်။ အဲဒါလေး ကတော့ အခုထက်ထိ မှတ်မိပါသေးတယ်။ ဇာတ်ကားရိုက်ကွင်းတွေတော့ လိုက်ဖြစ်ပါတယ်။ တစ်ခါတလေကျရင် မေမြို့မှာ ဇာတ်ကားရိုက်ရင် တစ်နှစ်ကို ၃ခါ ၄ခါ လောက် လိုက်တယ်။ တောထဲ မှာ ဆော့ကစား ခဲ့တာတွေတော့ အမှတ်တရ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အနုပညာကို ဝါသနာ မပါတော့ အပြင်ဘက်က အပိုင်းနဲ့ပဲ လေးစားတာပေါ့။ သူ့ရဲ့အနုပညာ ကိုလည်း လေးစား ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အနုပညာကို စိတ်မဝင်စားတော့ အဲဒါတွေ ကျွန်တော်မစဉ်းစား ဘူးပေါ့” လို့ ပြောပါတယ်။ ဖခင်ဖြစ်သူဒွေးကို အခုအချိန်ထိ သတိတရရှိပြီး အားပေးကြတဲ့ အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ် လို့လည်း ဝေယံမိုးက ပြောပါတယ်။

ဝေယံမိုးက အခုအချိန်မှာ ကျောင်း မပြီးသေးတဲ့အတွက် ကျောင်းဆက်တက်နေပြီး ကျောင်းပြီး ရင်တော့ မိခင်ဖြစ်သူ မိုးမိုးကို လုပ်ကျွေး သွားမှာဖြစ်ကြောင်းပြောပါတယ်။

“အခု ကျွန်တော် ဆုံးဖြတ်ချက်ချထားတာကတော့ ကျောင်းပြီးသွားရင် အလုပ်လုပ်မယ်။ အနုပညာတွေ ဘာတွေလည်း မစဉ်းစားဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လွတ်လွတ်လပ်လပ် နေမယ်။ ကိုယ်ရတဲ့အလုပ်ကိုပဲ ကိုယ်အောင်မြင်အောင် လုပ်ရမှာပေါ့။ စင်ကာပူမှာပဲ ဆက်နေဖြစ်ပါမယ်။ ကျွန်တော့် ညီမလေး ဆည်းလည်းက အနုပညာ အလုပ်လုပ်ချင်တော့လည်း လုပ်ပေါ့။ ကျွန်တော် တားတာမျိုး တော့မရှိဘူး။ အကူအညီ လိုတော့လည်း ကျွန်တော်က အစ်ကိုအကြီးဆုံး ဆိုတော့ သူလိုအပ်တဲ့ အချိန်မှာ အကူ အညီပေးရမှာပေါ့။ အမေ့ကိုကျတော့ ကျွန်တော် ကျောင်းပြီးမှပဲ ပြန်ပြီး ထောက်ပံ့ ရမှာပေါ့။ အခု ကျောင်းမပြီးခင် နောက် တစ်နှစ် လောက် ကတော့ စာပဲဆက်လုပ်ရမှာပေါ့”  လို့ ပြောပါတယ်။

ခိုင်ဝေလွင် ၊
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071