Thursday, April 23, 2026

နီပေါနိုင်ငံ ဆူကွတ်တွင် ခရီးသွားလုပ်ငန်း အရှိန်ပြန်ရလာ

အပူချိန်မြင့်တက်လာသဖြင့် Sindhupalchok ရှိနာမည်ကြီးခရီးသွားနေရာဖြစ်သည့် ဆူကွတ်တွင် ခရီးသွားများ ဖြင့် စည်ကားလာသည်။Sunkoshi နှင့် Bhotekoshi မြစ်များတစ်လျှောက်ရှိ ဟိုတယ်များနှင့် အပန်းဖြေစခန်းများ၌ ပြည်တွင်းပြည်ပခရီးသွားများ...

Hillux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ Hilux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျခဲ့မှု ယနေ့ ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး...

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော ရန်ပယ်ချောင်းတံတားပြုပြင်နေ

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတားအားပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ဧပြီ ၂၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်-ပုဂံ ရထားလမ်းပိုင်း၏ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ...

ဘောလုံးပညာနှင့်ငွေကြေးစီမံခန့်ခွဲမှုဗဟုသုတများ မျှဝေမည့် “AYA Game...

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊​အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊​မြန်မာ့လက်ရွေးစင်...
HomeNewsLocal Newsအွန်လိုင်းလိ-မ်လည်မှုတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုးနီးရှားနိုင်ငံသား...

အွန်လိုင်းလိ-မ်လည်မှုတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုးနီးရှားနိုင်ငံသား (၈၄)ဦးကို ထိုင်းမှတဆင့် ပြန်လည်လွှဲပြောင်း

အွန်လိုင်းလိ-မ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုးနီးရှားနိုင်ငံသား (၈၄)ဦးကို ယနေ့ဖေဖော်ဝါရီ (၂၇)ရက်၌ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံသို့ပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိ-မ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြော င်း ပေးလျက်ရှိရာ၊ သက်ဆိုင်ရာနိုင်ငံသို့ လူသား ချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တ ကျ ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ နိုင် ငံခြားရေးဝန်ကြီးဌာန နိုင်ငံသားကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး Mr. Judha Nugraha နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယခရိုင်မှူး ဒုတိယ ရဲမှူးကြီး Mr. Sermkiat Kampira နှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံ ရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိ-မ်လည်မှု (Online Sc-am) နှင့် အွန်လိုင်းလောင်းကစားမှု (Online Ga-mbling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက် သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများ၊ အထူးသဖြင့် မြန်မာ – တရုတ် – ထိုင်း (၃)နိုင်ငံအ ကြား (၃)ပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) တို့ဖြင့် စဉ်ဆက်မပြတ် တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် Online Sc-am Center လုပ်ငန်းများတွင် ပါဝင်ပတ် သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင် ငံသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိ ရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင် လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါနိုင်ငံ ဆူကွတ်တွင် ခရီးသွားလုပ်ငန်း အရှိန်ပြန်ရလာ

အပူချိန်မြင့်တက်လာသဖြင့် Sindhupalchok ရှိနာမည်ကြီးခရီးသွားနေရာဖြစ်သည့် ဆူကွတ်တွင် ခရီးသွားများ ဖြင့် စည်ကားလာသည်။Sunkoshi နှင့် Bhotekoshi မြစ်များတစ်လျှောက်ရှိ ဟိုတယ်များနှင့် အပန်းဖြေစခန်းများ၌ ပြည်တွင်းပြည်ပခရီးသွားများ တိုးတက်များ ပြားလာနေသည်ကို တွေ့မြင် နေရသည်။ ရေထဲ၌ဖောင်ဖြင့်သွားလာခြင်းက လူများကို ဆွဲဆောင်နေခြင်းသည် ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လာနေသည်ကို ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု ဒေသခံလုပ်ငန်းရှင်များက ပြောသည်။ ရာသီအစတွင် ဖောင်စီးရန် နေ့စဉ် ခရီးသွား ၂၀၀ ကျော် ရောက်ရှိ နေသည်။ Sindhu Sukute Tourism Association ဥက္ကဋ္ဌ Mahendra Singh...

Hillux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေ မြောင်းထဲထိုးကျ သံဃာတော်(၁)ပါးအပါအဝင် (၈)ဦးဒ-ဏ်ရာရခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ Hilux Surf ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျခဲ့မှု ယနေ့ ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီခွဲခန့်ကဖြစ် ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး ကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ သံဃာတော်(၁)ပါးအပါအဝင် (၉)ဦးလိုက်ပါမောင်းနှင်လာသော Hilux Surf ကားသည် မိုင်တိုင်အ မှတ် ၁၈၂/၇ နှင့် ၁၈၃/၀ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် သံဃာတော်(၁)ပါး၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၅)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေဂုံသုခမေတ္တာပရဟိတအသင်းက နေပြည်တော်ကုတင်-၁၀၀၀ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော ရန်ပယ်ချောင်းတံတားပြုပြင်နေ

ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ တံတားရေလယ်တိုင်နိမ့်ကျနေသော တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတားအားပြန်လည်ပြုပြင်မှုများပြုလုပ်လျက်ရှိရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ဧပြီ ၂၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်-ပုဂံ ရထားလမ်းပိုင်း၏ ဆတ်သွား-ပရပ်ကြယ်ဘူတာကြားရှိ တံတားအမှတ်(၃၄၃)ရန်ပယ်ချောင်းကူးရထားလမ်းတံတား ရေလယ်တိုင်အမှတ်(၂) နှင့် အမှတ်(၃)တို့နိမ့်ကျနေမှုအား ပြန်လည်ပြင်ဆင်နေသည့် တံတားတိုင်ဘိုးပိုင်တူးနေမှုကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်စံချိန် စံ ညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေးအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တံတားပေါ်ရှိ သံလမ်းနှင့်ကွန်ကရစ်ဇလီဖားတုံးများအား ဖြုတ်သိမ်းထားရန်တို့ကို မှာကြားခဲ့သည်။ ထို့ပြင် ဒု-ဝန်ကြီးသည် တောင်တွင်းကြီးဘူတာ၊ ဆတ်သွားဘူတာတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071