Monday, June 22, 2026

GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာ သတ်မှတ်လမ်းကြောင်းမှ...

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ စက်သုံးဆီတင်ဆောင် ထွက်ခွာခဲ့သော်လည်း သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းမရှိသည့် ဆီသယ်ယာဉ်(၂)စီးကို GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း...

ပြည်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ...

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာ(၂၆)ဦးအား ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း...

တစ်နှစ်ထက်အထက် အသုံးပြုမှုမရှိသည့် ဘဏ်စာရင်းများကို စာရင်းသေအဖြစ်...

ဘဏ်စာရင်းများ ပြန်လည်အသုံးပြုခြင်းနှင့် ဝန်ဆောင်ခ သတ်မှတ်ချက်များအသုံးပြုခွင့် ယာယီပိတ်သိမ်းခြင်း စာရင်းသေအဖြစ် သတ်မှတ်ခံရသည့် ဘဏ်စာရင်းများကို ဘဏ်ခွဲများတွင် သာမန်အတိုင်း အသုံးပြုခွင့်အပြင် အီလက်ထရွန်နစ်ဘဏ်စနစ်၊ မိုဘိုင်းဘဏ်စနစ်၊...

မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု(၅၃)ဦးကိုကြိုဆို

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ဆေး ရုံကြီးတွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြု (၅၃)ဦးအား ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက...
HomeMoviesအီရန်အနေနဲ့ အမေရိကန်နဲ့ နားလည်မှုစာချွန်လွှာ...

အီရန်အနေနဲ့ အမေရိကန်နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာဟာ “ခြွင်းချက်မရှိ လက်နက်ချတာပဲ”လို့ ထရန့်ပြောကြား

အီရန်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာဟာ “ခြွင်းချက်မရှိ လက်နက်ချတာပဲ”လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယုံကြည်နေကြောင်း Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

Axios နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ ထရန့်က အီရန်နဲ့ချုပ်ဆိုတဲ့ နားလည်မှုစာချွန်လွှာဟာ “ခြွင်းချက်မရှိ လက်နက်ချတာမျိုး ဖြစ်ဖို့များပါတယ်” လို့ ပြောကြားခဲ့တာပါ။ သတင်းထောက်တစ်ဦးက ‘သမ္မတကြီးအနေနဲ့ အရင်တုန်းက အီရန်ဆီကနေ “ခြွင်းချက်မရှိ လက်နက်ချဖို့” တောင်းဆိုသွားမယ်လို့ ပြောခဲ့ဖူးပေမဲ့ အခုလို နှစ်ဖက်စလုံးက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်တာကျတော့ အဲဒါနဲ့ ဆန့်ကျင်ဖက်ရလဒ်မျိုး ဖြစ်မနေဘူးလား’ လို့ ထောက်ပြခဲ့တဲ့အပေါ် သူက အခုလို ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

“စစ်ရေးအရတော့ ကျွန်တော်တို့ သူတို့ကို အပြတ်အသတ် အနိုင်ယူခဲ့တာပါ” လို့ ထရန့်က မှတ်ချက်ပြုခဲ့ပြီး၊ ဒီစစ်ပွဲဟာ အမေရိကန်ရဲ့ စစ်အင်အား ဘယ်လောက်တောင့်တင်းလဲဆိုတာကို လက်တွေ့ပြသနိုင်ခဲ့တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ဒီလိုမျိုး ပိတ်ဆို့မှုကို ဘယ်သူက လုပ်နိုင်ဦးမှာလဲ။ ကျွန်တော် ရေတပ်နဲ့ ပိတ်ဆို့ထားတုန်းက သင်္ဘောတစ်စီးမှ ဖြတ်သွားလို့မရခဲ့ဘူး။ တချို့ ဖြတ်ဖို့ကြိုးစားကြပါသေးတယ်၊ ဒါပေမဲ့ ကြာကြာမခံပါဘူး” လို့ အမေရိကန်သမ္မတက ပြောပါတယ်။

ဒီပဋိပက္ခရဲ့ ရလဒ်ကြောင့် သူ့အနေနဲ့ စစ်အင်အားသုံးနိုင်စွမ်းအပေါ် ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုတာကို သတိထားမိလားလို့ မေးမြန်းတဲ့အခါမှာတော့ ထရန့်က “ဘာကန့်သတ်ချက်မှ မရှိပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အီရန်နိုင်ငံအပေါ် စစ်ပွဲစတင်ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံက ကြားခံစေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဝါရှင်တန်နဲ့ တဟီရန်တို့အကြား အရှေ့အလယ်ပိုင်းပဋိပက္ခကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ သဘောတူညီချက်တစ်ခု ရရှိသွားပြီဖြစ်ကြောင်း အမေရိကန်၊ အီရန်နဲ့ ပါကစ္စတန် တာဝန်ရှိသူတွေက ဇွန် ၁၄ ရက်နေ့မှာ အတည်ပြုခဲ့ကြပါတယ်။

အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခါဇမ် ဂါရီဘာဘာဒီရဲ့ ပြောကြားချက်အရ ရက် ၆၀ အပစ်အခတ်ရပ်စဲထားစဉ်အတွင်း နှစ်ဖက်စလုံးက တခြားကိစ္စရပ်တွေအပြင် အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကိုပါ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်၊ အီရန်အပေါ် အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှုဟာလည်း ဇွန် ၁၅ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းနဲ့ အပြီးတိုင် ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာကို ဇွန် ၁၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာ သတ်မှတ်လမ်းကြောင်းမှ လွဲချော်သည့် ဆီသယ်ယာဉ်(၂)စီး ဖမ်းဆီးရမိ

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ စက်သုံးဆီတင်ဆောင် ထွက်ခွာခဲ့သော်လည်း သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာခြင်းမရှိသည့် ဆီသယ်ယာဉ်(၂)စီးကို GPS စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဆီသယ်ယာဉ်များတွင် GPS စနစ်တပ်ဆင်ကာ Online Monitoring Center မှတစ်ဆင့် သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများအား သက်ဆိုင်ရာနေရာများသို့သာ ပို့ဆောင်ခြင်း ရှိ၊ မရှိကို တိုက်ရိုက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် ယာဉ်များအနက် ဆီသယ်ယာဉ်အမှတ် 5P/8614...

ပြည်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ(၂၆)ဦးအား အခမဲ့ခွဲစိတ်ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာ(၂၆)ဦးအား ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့အတွင်း အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်ကုသမှုအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်ကာ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူဘွဲ့လွန် သင်တန်းသားများက အခမဲ့ကုသပေးခဲ့ကြခြင်း ဖြစ်သည်။ ခွဲစိတ်ကုသမှုတွင် မွေးရာပါနှုတ်ခမ်းကွဲ လူနာ(၁၅)ဦးနှင့် အာခေါင်ကွဲ လူနာ(၁၁)ဦး...

တစ်နှစ်ထက်အထက် အသုံးပြုမှုမရှိသည့် ဘဏ်စာရင်းများကို စာရင်းသေအဖြစ် သတ်မှတ်ပြီး ဝန်ဆောင်ခကောက်ခံမည်ဟု ဧရာဝတီဘဏ် ထုတ်ပြန်ဧရာဝတီဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသော စာရင်းရှင်စာရင်း၊ ငွေစုဘဏ်စာရင်းနှင့် ခေါ်ယူအပ်ငွေစာရင်းများ၌ နောက်ဆုံး ငွေသွင်း/ငွေထုတ် ပြုလုပ်ခဲ့သည့် နေ့ရက်မှစ၍ ရက်ပေါင်း (၃၆၅) ရက် (တစ်နှစ်) ပြည့်မြောက်သည်အထိ တစ်စုံတစ်ရာ အသုံးပြုခြင်း မရှိပါက...

ဘဏ်စာရင်းများ ပြန်လည်အသုံးပြုခြင်းနှင့် ဝန်ဆောင်ခ သတ်မှတ်ချက်များအသုံးပြုခွင့် ယာယီပိတ်သိမ်းခြင်း စာရင်းသေအဖြစ် သတ်မှတ်ခံရသည့် ဘဏ်စာရင်းများကို ဘဏ်ခွဲများတွင် သာမန်အတိုင်း အသုံးပြုခွင့်အပြင် အီလက်ထရွန်နစ်ဘဏ်စနစ်၊ မိုဘိုင်းဘဏ်စနစ်၊ ငွေပေးချေမှုစနစ်၊ အလိုအလျောက်ငွေထုတ်စက်များနှင့် ကတ်စနစ်များအပါအဝင် မည်သည့်နည်းလမ်းဖြင့်မဆို ပြန်လည်အသုံးပြုခြင်းကို ယာယီပိတ်သိမ်းထားမည်ဖြစ်သည်။ ၎င်းစာရင်းများကို ပြန်လည်အသက်သွင်းလိုပါက နီးစပ်ရာ ဘဏ်ခွဲများသို့ ကာယကံရှင်ကိုယ်တိုင် လူကိုယ်တိုင်သွားရောက် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။ စာရင်းထိန်းသိမ်းခ ကောက်ခံခြင်းကာလရှည် အသုံးပြုခြင်းမရှိသည့် အသက်မဝင်သော ဘဏ်စာရင်းများအတွက် တစ်လလျှင် စာရင်းထိန်းသိမ်းခ (၃,၀၀၀) ကျပ်နှင့် စာရင်းသေစာရင်းများအတွက် တစ်လလျှင် (၅,၀၀၀) ကျပ်နှုန်းဖြင့် (၃)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071