အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ကို ပြန်ပြီး တိုက်ခိုက်တာတွေ ပြုလုပ်ကောင်း ပြုလုပ်နိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပြန်ပါတယ်။
”သူတို့ဟာ ကျရှုံးနိုင်ငံတစ်ခု ဖြစ်နေပါပြီ။ ငွေကြေးဖောင်းပွမှုက ၃၅၀ ရာခိုင်နှုန်း ရှိနေတယ်။ သုံးစရာ ငွေကြေးလည်း မရှိတော့ဘူး၊ စစ်သားတွေကိုလည်း လစာ မပေးနိုင်ကြဘူး။ ခေါင်းဆောင်ပိုင်းဆိုရင်လည်း အများစု သေကုန်ကြပြီ။ ရေတပ်ရော လေတပ်ပါ မရှိတော့သလို ထောက်လှမ်းရေး ကိရိယာတွေဆိုရင်လည်း အကုန်နီးပါး ပျက်စီးသွားပြီ။ ဒါပေမဲ့ ဒါတွေကြောင့် ကျုပ်တို့ သူတို့ကို ထပ်မနှက်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်တာပေါ့” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
