Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...
HomeDhammaအိပ်ရာဝင်ရင် တရားခွေ နားထောင်ပြီးမှ...

အိပ်ရာဝင်ရင် တရားခွေ နားထောင်ပြီးမှ အိပ်ဖြစ်တဲ့ အကျင့်က တစ်နှစ်ခွဲ၊ နှစ်နှစ်လောက် ဖြစ်နေပြီ ဟိန်းဝေယံ

ဘာသာရေးဆိုတာ လူသား တိုင်းအတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း အနေနဲ့ နေ့စဉ် ငါးပါးသီလ စောင့်ထိန်းဖို့ လိုအပ် သလို နေ့ညဝတ်မပျက်စေဘဲ မြတ် စွာ ဘုရားကို ဝတ်ပြုပူ ဇော်ကန်တော့ ကြဖို့ကလည်း အရေးကြီးပါတယ်။ ဘာသာတရား ရိုသေကိုင်းရှိုင်းတတ် တဲ့သူတစ်ယောက်ဟာ မကောင်းတဲ့ ကံတွေ ဖြစ်ပေါ်လာခြင်းကနေ ကင်း ဝေးနေမှာပါ။ ဗုဒ္ဓဘာသာဝင် တစ် ယောက်ဖြစ်သလို ဘုရား၊ တရားကို နေ့ညမပြတ် ရှိခိုးပူဇော်ကန်တော့ လေ့ရှိတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ သရုပ် ဆောင် ဟိန်းဝေယံပါ။ ပေါ်ပြူလာရဲ့ အပတ်စဉ်ဖော်ပြနေကျ အနုပညာ ရှင်နဲ့ ဘာသာရေးကဏ္ဍအတွက် ဟိန်းဝေယံရဲ့တစ်နေ့တာ ဘာသာ ရေး ဆောင်ရွက်ချက်တွေကို မေး မြန်းဖြစ်တဲ့ အခါ…

“ကျွန်တော် နေ့တိုင်းလုပ်ဖြစ် တာက မနက်ဆို ဘုရားရှိခိုးဖြစ်တယ်၊ ညဘက်တွေဆို ကျွန်တော် ၉နာရီခွဲ လောက်ကို ဘုရားရှိခိုးပြီ တစ်ခါ တစ်လေကျတော့ ပုတီးစိပ်ဖြစ် တယ်၊ ဒါပေမယ့် ကျွန်တော်နေ့တိုင်း ည ဘက်တိုင်း လုပ်ဖြစ်တာတစ်ခုရှိ တယ်။ အဲဒါက ကျွန်တော်ဥပုသ်စောင့် ပြီး အိပ်တယ်၊ ဥပုသ်စောင့်တယ်ဆို တာက အချိန်က သတ်မှတ်ပြီးတော့ လည်း  ယူလို့ရတယ်။ အချိန်ပိုင်း ဥပုသ်ယူလို့ရတယ်။ ကျွန်တော်က ည ၉ နာရီခွဲ ၊ ၁ဝ နာရီလောက်ဆိုရင် ဥပုသ်ယူလိုက်ပြီး မနက် ၇ နာရီ အထိ ကျွန်တော် ၈ ပါးသီလဆောက် တည်ဖြစ်ပါတယ်။ ဒီတိုင်း အိပ်တာ ထက်စာရင် ဥပုသ်စောင့်ပြီးအိပ်တာကပိုကောင်းပါတယ်၊ နေ့လည်နေ့ခင်း ဆိုလည်း ကျွန်တော်တို့ ဥပုသ်မစောင့် ဖြစ်ဘူး။ နောက်တစ်ခု ညဘက်လုပ် ဖြစ်တာက ကျွန်တော် အိပ်ရာဝင်ရင် တရားခွေ နားထောင်ပြီးမှ အိပ်ဖြစ် တယ်၊ အဲဒီအကျင့်က ကျွန်တော် တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ဖြစ်နေပြီ” လို့ပြောပါတယ်။

ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိ ကြောင်းပြောလာတဲ့ ဟိန်းဝေယံက ကုသိုလ်တရားကြောင့် လူဖြစ်လာ တာ ဖြစ်တဲ့အတွက် ကုသိုလ်တရားကို ကိုယ့်ဘက်ကနိုင်သလောက်လေး လုပ်ပေးကြဖို့မမေ့သင့်ကြောင်း ပြော ပါတယ်။ ” ဘုရားတရားလုပ်တာ တအား ကောင်းပါတယ်၊ တရားတွေထိုင်နိုင် ရင် ပိုကောင်းတယ်၊ ပုတီးစိပ်၊ တရား ထိုင်ရင် သမာဓိအားကောင်းမယ်၊ စိတ်ကိုအေးချမ်းစေတယ်၊ တည်ငြိမ် စေတယ်၊ ဗုဒ္ဓဘာသာနည်း အရပြော ရမယ်ဆိုရင် ကုသိုလ်ကလည်း စု ဆောင်းဖို့လိုတယ်၊ ကျွန်တော်တို့ လူ ဖြစ်လာတယ် ဆိုတာက ကုသိုလ် အ ကျိုးတရားကြောင့် လူဖြစ် လာတာ၊ ကုသိုလ်တရားတွေပြုဖို့ မမေ့သင့်ဘူး၊ အများကြီး မနိုင်တာမှ ကိုယ်နိုင် သ လောက်လေး ဒါနပဲဖြစ်ဖြစ်၊ ဘာဝနာ ပဲဖြစ်ဖြစ် လုပ်ဖြစ်နေမယ် ဆိုရင် အခုဘဝလည်း အဆင်ပြေမယ်၊ နောင်ဘဝလည်း ကောင်းမယ်၊ ဆိုလို ချင်တာက ဘုရားတရားလုပ်ရင် ကောင်းတာချည်းပဲ၊ အဲဒါ့ကြောင့် လူ တိုင်းကို ဘုရား၊တရား လုပ်စေချင် ပါတယ်၊ ဗုဒ္ဓဘာသာတစ် ယောက်ဖြစ် ရတာလည်း ဂုဏ်ယူပါတယ်”လို့ ပြောပါတယ်။

တွယ်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071