အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ပြီး ဗုဒ္ဓဟူးနေ့ နံနက်စောစောတွင် အိန္ဒိယသည် လာမည့် ၂ ရက်အတွင်း ပါကစ္စတန်ကို စစ်ရေးအရ တုံ့ပြန်တိုက်ခိုက်လာမည်ဟု “ယုံကြည်စိတ်ချရသော ထောက်လှမ်းရေးသတင်း” ရှိကြောင်း ပါကစ္စတန်အရာရှိအကြီးအကဲတစ်ဦးက ပြောကြားခဲ့သည်။
ထိုပြောကြားချက်သည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ဖြစ်စဉ်ကို ထိန်းသိမ်းရန် တိုက်တွန်းနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
“အိန္ဒိယသည် လာမည့် ၂၄ မှ ၃၆ နာရီအတွင်း ပါကစ္စတန်ကို စစ်ရေးအရ တုံ့ပြန်တို-က်ခို-က်လိမ့်မည်ဟူသော ယုံကြည်စိတ်ချရသည့် ထောက်လှမ်းရေးသတင်း ရှိပါသည်” ဟု ပါကစ္စတန်သတင်းအချက်အလက်ဝန်ကြီး အတာလူလာတာရာက X တွင် ညသန်းခေါင်အချိန်ထူးခြားစွာ ရေးသားခဲ့သည်။ သို့သော် ပါကစ္စတန်တွင် မည်သည့်သက်ေ-သအထောက်အထားများ ရှိသည်ကို သူကရှင်းလင်းစွာ ဖော်ပြခဲ့ခြင်းမရှိပေ။
အတာလူလာတာရာ၏ ရေးသားချက်သည် အိန္ဒိယထိန်းချုပ်ကက်ရှ်မီးယားဒေသ တောင်တန်းမြို့ဖြစ်သော ပါဟာလ်ဂမ်တွင် အကြမ်းဖက်သမားများက ခရီးသွား ၂၆ ဦးကို သ-တ်ဖြ-တ်မှုဖြစ်စဉ်နှင့် တစ်ပတ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသ-တ်ဖြ-တ်မှုသည် ကျယ်ကျယ်ပြန့်ပြန့် ဒေါသထွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
အိန္ဒိယက ပါကစ္စတန်သည် ထိုတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခဲ့ပြီး ပါကစ္စတန်ဘက်က ငြင်းဆိုခဲ့သည်။ ပါကစ္စတန်က ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကြားနေစုံစမ်းစစ်ဆေးရေး ပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်။
အတာလူလာတာရာ၏ ရေးသားထုတ်ပြန်ချက်နှင့်ပတ်သက်၍ CNN သတင်းဌာနက အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းလျှက်ရှိသည်။
