Friday, July 3, 2026

မြန်မာ-လာအို ချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး...

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည်...

မြန်မာ-လာအို လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး...

ဗီယင်ကျန်း၊ ဇူလိုင် ၃ လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့်...

လာအို၏ အနုပညာ၊ သမိုင်းနှင့် သဘာဝပတ်ဝန်းကျင်...

လာအိုနိုင်ငံ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး စိတ်ကူးစိတ်သန်းများကို အကောင်းဆုံး ပေါင်းစပ်ပြီး နောင်လာနောက်သားများ ဂုဏ်ယူနိုင်စေရန် တည်ထောင်ထားသည့် အမျိုးသားအဆင့်...

လာအိုနိုင်ငံသမ္မတက နိုင်ငံတကာနှင့် အာဆီယံမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ...

လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ...
HomeMoviesအိန္ဒိယခရီးစဉ်အတွင်း စီးပွားရေး၊ လုံခြုံရေးနှင့်...

အိန္ဒိယခရီးစဉ်အတွင်း စီးပွားရေး၊ လုံခြုံရေးနှင့် အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိ

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်လုံခြုံရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အရေးပါသည့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၊ အိန္ဒိယသမ္မတနှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့အား တွေ့ဆုံဆွေးနွေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက်အလက်နည်းပညာ၊ ဆေးဝါးထုတ်လုပ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းတို့ကို အမြန်ဆုံး အပြီးသတ်အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များက အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။

ပညာရေးကဏ္ဍတွင် မဲခေါင်-ဂင်္ဂါပညာသင်ဆုကို မြန်မာနိုင်ငံအတွက် ယခင်နှစ်စဉ် (၃၆) ဆုမှ (၁၀၀) ဆုအထိ တိုးမြှင့်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်က စတင်ခဲ့သည့် ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အိန္ဒိယဗဟိုဘဏ် (Reserve Bank of India) တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ကြောင်းလည်း ပြောကြားသည်။

နယူးဒေလီမြို့တွင် ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ အိန္ဒိယရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု အာမခံချက်နှင့် အကျိုးအမြတ်ဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက ကိုယ်တိုင်ဖြေကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း အာမခံပြောကြားခဲ့သည်။

ထို့အပြင် မွမ်ဘိုင်းမြို့တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေး၊ သုတေသနနှင့် နည်းပညာအသုံးချမှုများကို လေ့လာနိုင်ရန် အိန္ဒိယနိုင်ငံရှိ စွမ်းအင်ကုမ္ပဏီတစ်ခုနှင့် ဂျဝါဟာလာနေရူးဆိပ်ကမ်းသို့ သွားရောက်လေ့လာခဲ့ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြောရေးဆိုခွင့်ရှိသူက ယခုခရီးစဉ်သည် သံတမန်ရေးနှင့် နိုင်ငံရေးအရ အောင်မြင်သည့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအပြင် နယ်စပ်ဒေသလုံခြုံရေး၊ ကုလားတန်စီမံကိန်း အပြီးသတ်အကောင်အထည်ဖော်ရေးနှင့် နှစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားသည့် အခြေခံပေါ်တွင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-လာအို ချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဝန်ကြီးချုပ်နှစ်ဦး တွေ့ဆုံ

လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး၌ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံအစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် အခြားအကျိုးတူကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ...

မြန်မာ-လာအို လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နိုင်ငံတော်သမ္မတနှင့် လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံ

ဗီယင်ကျန်း၊ ဇူလိုင် ၃ လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုအမျိုးသားလွှတ်တော်ရုံး၌ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို...

လာအို၏ အနုပညာ၊ သမိုင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်နေရာတည်းတွင် မြင်ရသည့်ယဉ်ကျေးမှုပြတိုက်သို့ ဒေါ်ကြူကြူလှ သွားရောက်

လာအိုနိုင်ငံ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး စိတ်ကူးစိတ်သန်းများကို အကောင်းဆုံး ပေါင်းစပ်ပြီး နောင်လာနောက်သားများ ဂုဏ်ယူနိုင်စေရန် တည်ထောင်ထားသည့် အမျိုးသားအဆင့် ယဉ်ကျေးမှု ပြတိုက်ကြီးတစ်ခု ရှိနေပါသည်။ လာအိုသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဇနီး ဒေါ်ကြူကြူလှက အဆိုပါပြတိုက်သို့ ယနေ့မွန်းလွဲပိုင်းက သွားရောက်လေ့လာခဲ့သည်။ ဤပြတိုက်ကြီးသည် ပုဂ္ဂလိကပိုင် ဖြစ်သော်လည်း အလွန်ကြီးမားကျယ်ဝန်းပြီး ရင်သပ်ရှုမောဖွယ် အနုပညာလက်ရာပေါင်းများစွာဖြင့် ဆင်ယင်မွမ်းမံထားသည်။ ပြတိုက်ပိုင်ရှင်သူဌေးသည် အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ချေးငွေရယူကာ ဤဧရာမပြတိုက်ကြီးကို ခမ်းနားထည်ဝါစွာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071