Monday, May 4, 2026

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း...

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက်...

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...
HomeNewsLocal Newsအိန္ဒိယကွန်ဂရက်ပါတီ ခေါင်းဆောင် ဆိုနီယာဂန္ဒီ...

အိန္ဒိယကွန်ဂရက်ပါတီ ခေါင်းဆောင် ဆိုနီယာဂန္ဒီ ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဆေးရုံတွင်ကုသမူခံယူ​နေ

အိန္ဒိယကွန်ဂရက်ပါတီ ခေါင်းဆောင် ဆိုနီယာဂန္ဒီ ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဆေးရုံတွင်ကုသမူခံယူ​နေ

အိန္ဒိယနိုင်ငံ၏အတိုက်အခံပါတီခေါင်းဆောင် ဆိုနီယာ ဂန္ဒီအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုကြောင့် နယူးဒေလီရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဆိုနီယာဂန္ဒီ၏ ဆေးရုံတတ်ရောက်နေမှုအား ၎င်း၏ပါတီမှ ဇွန်လ ၁၂ ရက် တနင်္ဂနွေနေ့၌ တွစ်တာပေါ်တွင် ကြေညာခဲ့သော်လည်း အခြားအသေးစိတ်အချက်အလက်များအား ဖော်ပြထားခြင်း မရှိခဲ့ချေ။ ဇွန်လ ၂ ရက်နေ့ထဲက ဂန္ဒီတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ​နေခဲ့ခြင်းဖြစ်ပြီး ဆယ်ရက်အကြာတွင် ​ဆေးရုံတင်လိုက်ရခြင်းဖြစ်သည်။ ယခုအခါတွင်ကျန်းမာ​ရေးအ​ခြေ​အနေ ​ကောင်းမွန်ပါသည်ဟု သိရသည်

ကွယ်လွန်သွားပြီဖြစ်သော ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ၏ ဇနီး ဖြစ်သူ အီတလီသူ ဆိုနီယာ ဂန္ဒီသည် ၎င်းကွန်ဂရက်ပါတီ၏ သက်တမ်းအကြာဆုံး ဥက္ကဌ လည်းဖြစ်သည်။

ဗြိတိသျှအင်ပါယာ လက်အောက်မှအိန္ဒိယအား လွတ်လပ်ရေးရအောင် ကွန်ဂရက်ပါတီက ဦးဆောင်ခဲ့ချိန် ၁၉၄၇ ခုနှစ်မှစ၍ ၎င်းပါတီသည် အိန္ဒိယအား ဆယ်စုနှစ်များစွာ အုပ်ချုပ်ခွင့်ရခဲ့သည်။

အသက် ၇၆ အရွယ် ဆိုနီယာ ဂန္ဒီသည် ၂၀၀၄ ခုနှစ် ဥပဒေပြု ရွေးကောက်ပွဲ၌ အနိုင်ရရှိ ​သော်လည်း နိုင်ငံခြားသားဖြစ်​နေခြင်း နှင့် ရိုမန်ကက်သလစ် ဘာသာဝင်ဖြစ်​နေ​သော​ကြောင့် စီးပွားရေးပညာရှင် မန်မိုဟန်ဆင်းအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ရသည်။

မကြားသေးမီနှစ်များအတွင်း ဆိုနီယာသည် ကျန်းမာရေးကိစ္စဖြင့် အမေရိကန်သို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ကြောင်းသိရသည်။

ယခုအခါ ပါတီသည် အိန္ဒိယနိုင်ငံ၏ လက်တစ်ဆုပ်စာမျှသာ သြဇာလွှမ်းခြုံနိုင်​တော့သည်။

Source: Aljazeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့က ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာရှိ ပို့စ်တစ်ခုတွင် ရေးသားဖော်ပြရာ၌ တနင်္ဂနွေနေ့ ဂရင်းနစ်စံတော်ချိန် ၁၉၄၀ နာရီခန့်တွင် အဆိုပါသင်္ဘောထံမှ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ သတင်းပို့ချက်အရ သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ ယူအေအီး နိုင်ငံ ဖူဂျိုင်ရာ မြို့၏ မြောက်ဘက်...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း ၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဖိလစ်ပိုင် အရာရှိများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဇန်နဝါရီလကတည်းက အင်အားအနည်းငယ်ဖြင့် မကြာခဏ ပေါက်ကွဲနေသော မေယွန်မီးတောင်သည် ကြီးမားစွာ ပေါက်ကွဲထွက်လာခြင်းမျိုး မဟုတ်သော်လည်း မီးတောင်၏ အနောက်တောင်ဘက် တောင်စောင်းပေါ်တွင် စုပုံနေသော ချော်ရည်ထုကြီးသည် စနေနေ့ ညမမှောင်မီအချိန်တွင် ရုတ်တရက် အောက်သို့ ပြိုကျကာ အပူရှိန်ပြင်းသော...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း အဆင့်ရရှိရန်ရည်မှန်း

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ရောက်ရှိနေခဲ့သည့် ဒုတိယတန်း အဆင့်မှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် ပထမတန်းအဆင့်သို့ တက်လှမ်းနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချဒါ ဒ်နာဒီရက် က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာခြင်းနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အစီအမံများ ပိုမိုခိုင်မာလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မကြာမီအတွင်း အမေရိကန်၏ လူကုန်ကူးမှုတိုက်ဖျက်ရေး အကဲဖြတ်မှုတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071