အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ခေါင်းဆောင်သော မြန်မာကိုယ် စားလှယ်အဖွဲ့ဝင် (၁၀)ဦးသည် ယနေ့ မေလ(၂၆)ရက် မွန်လွဲပိုင်းက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ထွက်ခွာသွားကြောင်း သိရသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အား တရုတ်နိုင်ငံမှဖိတ်ကြားချက်အရ ကွမ်ကျူးမြို့နှင့် ရှင်ကျင့်မြို့များသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ကြခြင်းဖြစ်သည်။
မြန်မာကိုယ်စာလှယ်အဖွဲ့အား အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
