Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsအာရှ-ပစိဖိတ်ဒေသ၌ ရေရှည်တည်တံ့သော လုံ...

အာရှ-ပစိဖိတ်ဒေသ၌ ရေရှည်တည်တံ့သော လုံ ခြုံရေးဗိသုကာတစ်ရပ်တည်ဆောက်ရန်ဆွေးနွေး

နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှု၊ တန်း တူညီမျှမှုနှင့် ပွင့်လင်းမြင်သာမှုဟူသော အခြေခံမူများအပေါ်အခြေခံ၍ အာရှ-ပစိဖိတ်ဒေသ၌ ရေရှည်တည်တံ့သော လုံခြုံရေးဗိသုကာတစ်ရပ်တည်ဆောက်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Sergey V. Lavrov နှင့် မြန်မာသံအမတ်ကြီးအပါအဝင် မော်စကိုမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Sergey V. Lavrov နှင့် မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်း အပါအဝင် မော်စကိုမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများသည် ဇန်နဝါရီ ၂၇ ရက်မွန်းလွဲ ၂ နာရီကပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းနေ့လယ်စာစားပွဲ၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဥရောပအာရှဒေသအတွင်း ပေါင်းစည်းမှုနက်ရှိုင်းစေရေး၊ ဥရောပ အာရှစီးပွားရေးသမဂ္ဂ (EAEU)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)တို့နှင့် အာဆီယံကြား ဆက်ဆံရေးအရှိန် အဟုန်မြှင့်တင်ရေးနှင့် လက်ရှိ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ရုရှား-အာဆီယံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံအကြီး အကဲများကချမှတ်ထားသည့် ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်မှု၊Comprehensive Plan of Action အစီအစဉ်သစ် ထပ်မံရေးဆွဲနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ စီးပွားရေး၊ စွမ်းအင်၊ သိပ္ပံနှင့် အဆင့်မြင့်နည်းပညာ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ စီးပွားရေးနှင့် လူငယ်ပိုင်းဆိုင်ရာ အဆက် အသွယ်များတိုးချဲ့ရေးတို့တွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို အာဆီယံ- မော်စကိုကော်မတီ၏ပါဝင်မှုဖြင့် မြှင့်တင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာသံအမတ်ကြီးမှလည်း အာဆီယံ- ရုရှား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးတွင် မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၇ ကာလအ တွက် Country-Coordinator အဖြစ်တာဝန်ယူဆောင်ရွက်နေမှု၊ အာဆီယံ Five-Point Consensus အပေါ် မြန်မာနိုင်ငံ၏ အကောင်အ ထည်ဖော်ဆောင်ရွက်နေမှုများနှင့် အခြား ကဏ္ဍများကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071