Saturday, April 25, 2026

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများအား ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရန် ပဲခူးဝန်ကြီး...

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများအား ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရန် ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းက ဧပြီ ၂၄ ရက်မွန်းလွဲပိုင်းတွင် တိုင်းအတွင်းရှိ MSMEs လုပ်ငန်းများအရှိန်အဟုန်ဖြင့်တိုးတက်လာစေရေးအတွက် MSMEs စီးပွားရေးလုပ်...

တောင်ဥက္ကလာမီး​လောင်မှု ဆိုင်ခန်းနှင့် ​နေအိမ်တစ်လုံး မီး​​လောင်ဆုံးရှုံးခဲ့

ယ​နေ့ ည​နေ ၅ နာရီအချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ တိုးချဲ့(၄)ရပ်ကွက်၊ ကေတုမာလာလမ်းတွင် မီးလောင်မှုဖြစ်စဥ်မှ ဆိုင်ခန်းနှင့် ​နေအိမ်တစ်လုံး မီး​​လောင်ဆုံးရှုံးခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ...

အသက် ၁၈ နှစ်မှ ၂၅...

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ပြီးခဲ့သည့်နှစ်အတွင်း လူသေဆုံးမှုများရှိခဲ့သည့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား ကမ္ဘောဒီးယားအမျိုးသားများအနေဖြင့် စစ်တပ်တွင်...

တမူးမြို့တွင် သက်ကြီးရွယ်အိုများအတွက် အပူရှောင်စခန်းဖွင့်လှစ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၊ မြို့မရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာ မီးကွင်းကျောင်းတိုက် ဗိမာန်အောက်ထပ်တွင် သက်ကြီးရွယ် ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်း ဖွင့်လှစ်ထားကြောင်း...
HomeNewsLocal Newsအာဆီယံဆက်သွယ်ရေးအလုပ်ရုံဆွေးနွေးပွဲကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပ

အာဆီယံဆက်သွယ်ရေးအလုပ်ရုံဆွေးနွေးပွဲကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံသည် “အစိုးရဆက်သွယ်မှုကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် ဗုဒ္ဓဟူးနေ့ကအိမ်ရှင်အဖြစ်လက်ခံကျင်းပ ပြုလုပ်ခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ပထမနေ့ ဆွေးနွေးမှုတွင် အစိုးရပြောရေးဆိုခွင့်ရှိသူများ၏ ကျွမ်းကျင်မှုနှင့် စိန်ခေါ်မှုများ၊ သက်ဆိုင်ရာနိုင်ငံများတွင် ၎င်းတို့၏ အခန်းကဏ္ဍ၊ မီဒီယာအခင်းအကျင်းနှင့် သတင်းအတုများကို ကိုင်တွယ်ဖြေရှင်းနည်းများ ချပြဆွေးနွေးခဲ့ကြသည်။

ပါဝင်ဆွေးနွေးသူများသည် လူထုဆက်သွယ်ရေးနှင့် သုတေသနပြုခြင်း၊ အသံတည်းဖြတ်ခြင်း၊ မီဒီယာဆက်ဆံရေး၊ တွေ့ဆုံမေးမြန်းခြင်း၊ လျှို့ဝှက်ထားသော အချက်အလက်များကို ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် လက်တွေ့လေ့ကျင့်ခန်းများမှတဆင့် ရှုပ်ထွေးသောပြဿနာများကို ထိထိရောက်ရောက်ဆက်သွယ်ပြောဆိုခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အာဆီယံ ယဉ်ကျေးမှု ရန်ပုံငွေ အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အာဆီယံ သတင်းအချက်အလက် ဗဟိုကော်မတီ စီမံချက်၏ တစ်စိတ်တစ်ပိုင်း အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါအခမ်းအနားသည် အာဆီယံဒေသတွင်း အစိုးရပြောရေးဆိုခွင့်ရှိသူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်ပြီး မီဒီယာများနှင့် အစိုးရအရာရှိများထံသို့ ထိရောက်စွာ ဆက်သွယ်နိုင်ရန်၊ အဓိကသတင်းစကားများ ဖြန့်ဝေခြင်း၊ အစိုးရနှင့် ပြည်သူလူထုကြား ယုံကြည်မှုတည်ဆောက်ရန်နှင့် အကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းရန် ကျွမ်းကျင်မှုနှင့် အသိပညာများ ဖလှယ်ရန် ရည်ရွယ်ထားသည်။

အလုပ်ရုံပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများ၊ သင်တန်းဆရာများ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ လာအို၊ အင်ဒိုနီးရှား၊ အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များအပါအဝင် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ လေ့လာသူများအဖြစ် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သုံးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို သောကြာနေ့ထိပြုလုပ်သွားမည်ဖြစ်သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများအား ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရန် ပဲခူးဝန်ကြီး ချုပ်မှာကြား

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများအား ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရန် ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းက ဧပြီ ၂၄ ရက်မွန်းလွဲပိုင်းတွင် တိုင်းအတွင်းရှိ MSMEs လုပ်ငန်းများအရှိန်အဟုန်ဖြင့်တိုးတက်လာစေရေးအတွက် MSMEs စီးပွားရေးလုပ် ငန်းရှင်များနှင့်တွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ပဲခူးတိုင်းတွင် လယ်ယာသုံးစက်ကိရိယာမျိုးစုံထုတ်လလုပ်ခြင်း၊ စားသုံးကုန်နှင့် လူသုံးကုန်ထုတ်လုပ်ခြင်းများပြုလုပ်လျက်ရှိရာ လယ်ယာသုံးစက်ကိရိယာများအား စက်သုံးဆီအခြေပြုစနစ်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစနစ်ပြောင်းလဲထုတ်လုပ်ရမည်ဟု မှာကြားသည်။ " လယ်ယာကဏ္ဍကြီးတစ်ခုလုံး စက်မှုလယ်ယာစနစ်ကိုပြောင်းလဲပေးနိုင်ရင် ကျေးလက်နေသူတွေရဲ့ လူမှုစီး ပွားဘဝတွေတိုးတက်ပြောင်းလဲလာမှာပါ။ ပဲခူးတိုင်းကထွက်တဲ့ လယ်ယာသုံးစက်ကိရိယာတွေ၊ စားသုံးကုန်နဲ့ လူသုံးကုန်တွေ ဈေးကွက်ရရှိဖို့အတွက် ဈေးအရောင်းပွဲတော်တွေ၊ MSMEs ပြပွဲ/ပြိုင်ပွဲတွေမီာ အောင်မြင်မှုရရှိခဲ့တဲ့အပေါ် ထပ်မံပြီးထုတ်ကုန်တစ်ခုချင်းအလိုက် နိုင်ငံတကာအဆင့်မီဖြစ်အောင်...

တောင်ဥက္ကလာမီး​လောင်မှု ဆိုင်ခန်းနှင့် ​နေအိမ်တစ်လုံး မီး​​လောင်ဆုံးရှုံးခဲ့

ယ​နေ့ ည​နေ ၅ နာရီအချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ တိုးချဲ့(၄)ရပ်ကွက်၊ ကေတုမာလာလမ်းတွင် မီးလောင်မှုဖြစ်စဥ်မှ ဆိုင်ခန်းနှင့် ​နေအိမ်တစ်လုံး မီး​​လောင်ဆုံးရှုံးခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ ဖြစ်စဥ်မှာ ဂတ်စ်အိုး​ရောင်းချသည့်ဆိုင်က ဝရိန်​ဆော်ရာမှ မီး​လောင်မှုဖြစ်ခဲ့ပြီး ဆိုင်ပိုင်ရှင်အပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။ " ဝရိန်​ဆော်ရာက​နေ ​လောင်တာလို့ ကနဦးသိရတယ်။ ဒဏ်ရာရတယ့်သူရှိတယ်။ စိုးရိမ်ရတယ်။ သူတို့ကိုမြောက်ဥက္ကလာ​ဆေးရုံနဲ့ စံပြ​ဆေးရုံကိုပို့ထားတယ်"ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ​ပေါ်ပြူလာနယူးစ်သို့​ပြောသည်။ မီး​လောက်မှုဖြစ်စဥ်​ကြောင့် လူ​နေအိမ်တစ်လုံး၊ ဆိုင်ခန်း​လေးလုံး မီး​လောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်​နေ​ကြောင်း သိရသည်။ အဆိုပါ မီး​လောင်မှုကို Level 1 အဆင့်ငြိမ်းသတ်ခဲ့ရပြီး...

အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား အမျိုးသားများအတွက် စစ်မှုထမ်းဥပဒေဥပဒေမူကြမ်းကို ကမ္ဘောဒီးယားဝန်ကြီးအဖွဲ့ အတည်ပြု

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ပြီးခဲ့သည့်နှစ်အတွင်း လူသေဆုံးမှုများရှိခဲ့သည့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား ကမ္ဘောဒီးယားအမျိုးသားများအနေဖြင့် စစ်တပ်တွင် နှစ်နှစ်ကြာ စစ်မှုထမ်းရန် လိုအပ်သည့် ဥပဒေမူကြမ်းကို ဝန်ကြီးအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်သည်။ ယခု စစ်မှုထမ်းဥပဒေမူကြမ်းသစ်သည် ၂၀၀၆ ခုနှစ်ကတည်းက ရှိခဲ့သော်လည်း တစ်ခါမျှ အကောင်အထည်မဖော်ခဲ့သည့်အပြင်၊ လက်ရှိနှင့် အနာဂတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့သည့် ဥပဒေဟောင်းကို အစားထိုးသွားမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဥပဒေဟောင်းတွင် စစ်မှုထမ်းရမည့် အမြင့်ဆုံးအသက်ကို ၃၀ နှစ်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071