Thursday, June 25, 2026

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ...

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု...

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...
HomeCelebrities' Newsအသိုက်အဝန်း ကောင်းကောင်းလေးနဲ့...

အသိုက်အဝန်း ကောင်းကောင်းလေးနဲ့ နေခွင့်ရတာ ကိုယ့် ကိုယ်ကိုယ် လုံခြုံတယ်လို့ ခံစားရတယ် အေးမြတ်သူ

‘နေခြည်မှာ ရွှေရည်လောင်း’ ရုပ်ရှင်ဇာတ်ကားမှာ ရွာသူဘိုမအဖြစ် ပီပြင်စွာသရုပ်ဆောင်ထားတဲ့ အေးမြတ်သူက အခုလိုသရုပ်ဆောင်သွားနိုင်တာက ဒါရိုက်တာရဲ့သွန်သင်ဆုံးမမှုနဲ့ ဒါရိုက်တာရဲ့  ဆုံးမမှုကြောင့်ပါလို့ ဆိုပါတယ်။’ နေခြည်မှာ ရွှေရည်လောင်း’ ရုပ်ရှင်ဇာတ်ကားမှာ ရွာသူဘိုမအဖြစ် ပီပြင်စွာသရုပ်ဆောင်ထားတဲ့ အေးမြတ်သူက အခုလိုသရုပ်ဆောင်သွားနိုင်တာက ဒါရိုက်တာရဲ့သွန်သင်ဆုံးမမှုနဲ့ ဒါရိုက်တာရဲ့  ဆုံးမမှုကြောင့်ပါလို့ ဆိုပါတယ်။

“အေးမြတ်သူက ဒါရိုက်တာ ပုံသွင်းလို့ရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်။ အေးမြတ်သူ ပါဝင်ရတဲ့ ဘယ်နေရာမဆို ဒါရိုက်တာပေါ်မူတည်ပြီး ပြောင်းလဲမှု အမြဲတမ်းဖြစ်ချင်တယ်။ အမြဲတမ်း ပြောပါတယ်။ အေးမြတ်သူက ဖယောင်းဖြစ်ချင်တယ်။ ပုံသွင်းလို့ရတဲ့သူ အမြဲတမ်းဖြစ်ချင်ပါတယ်။ ဘိုမဖြစ်ခဲ့တယ်ဆိုရင် အဲဒါက ဒါရိုက်တာရဲ့ ကျွမ်းကျင်မှုကြောင့် ပါပဲ။ အဲဒီဇာတ်ကား အမှတ်တရကတော့ လူတိုင်းက ရွာသူနဲ့မှားတယ်။ လာကြည့်တဲ့သူ အကုန်လုံးက မင်းသမီးဘယ်မှာလဲ ဆိုပြီးမေးကြတယ်။ မင်းသမီးကို သူတို့မတွေ့ဘူး။ မင်းသမီးဘယ်တော့အင်္ကျီလဲမှာလဲ လှတပတ တစ်ခါမှမမြင်ရဘူး။ မင်းသမီးလာကြည့်လိုက်ရင် မည်းတူးနေတာပဲဆိုပြီး ပြောကြတယ်”လို့ ဇာတ်ကား အမှတ်တရကို ပြောပါတယ်။

လတ်တလောမှာတော့ အေးမြတ်သူက နေအောင်၊ စည်သူဝင်း၊ ထက်ထက်မိုးဦး၊ ပိုးကြာဖြူတို့နဲ့အတူ ‘မိုးကောင်းကင်အိပ်မက်’ဆိုတဲ့ ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေပြီး ဒါရိုက်တာက ထိုင်းလူမျိုးဒါရိုက်တာ ဖြစ် တယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ သူလေးစားအားကျရတဲ့ ထက်ထက်မိုးဦးနဲ့ သရုပ်ဆောင်ရတဲ့ အတွက် ပျော်ရွှင်ရကြောင်းကို အေးမြတ်သူက “မထက်ကို တအားချစ်တယ်။ မထက်နဲ့က အလုပ်မှာတစ်ခါမှမဆုံ ဖူးဘူး။ ဒါပေမဲ့ ပွဲတွေမှာဆိုရင်တော့ မထက်နဲ့ အမြဲတမ်းစကားပြော ဖြစ်တယ်။ ညီအစ်မတွေလိုပဲ တအား ခင်တယ်။ မထက်ကလည်း ချစ်ဖို့တအားကောင်းတယ်။ သူ့အမူအရာတွေက ဘယ်တော့မှ စိတ်ဆိုးလို့မရ အောင် ချစ်ဖို့ကောင်းတာ။ သူစိတ်ဆိုးနေလည်း ချစ်ဖို့ကောင်းတယ်။ သူပျော်နေလည်း ချစ်ဖို့ကောင်းတယ်။ သူ့ကို ထိုင်ပြီးကြည့်နေရတာကို သဘောကျတယ်” လို့ ပြောပါတယ်။      အသက် ၃၁နှစ်ကျော်လာပြီဖြစ်တဲ့ အေးမြတ်သူက သူ့ရဲ့ဘေးမှာ မိတ်ဆွေကောင်းတွေ ပိုရှိလာတဲ့အတွက် လက်ရှိအသက်အရွယ်မှာ ရှိတဲ့ သူ့ရဲ့ဘဝလေးကို တအားသဘောကျနေတယ်ဆိုပါတယ်။  “ငယ်ငယ်တည်းက ဒီလောက ထဲဝင်လာတယ်။ အသက် ၁၉နှစ်၊ ၂ဝ နှစ်နဲ့ပေါ့။ တောက်လျှောက် ၁ဝနှစ်ကျော်လောက် ဖြတ်သန်းလာခဲ့တယ်။ အခက်အခဲတွေကော၊ ပင်ပန်းတာတွေကော အများကြီးရှိခဲ့တယ်။

အခုအချိန်မှာ နည်းနည်းလေး တည်ငြိမ်လာ တယ်ပြောရမယ်။ အလုပ်အကိုင်အရရော၊ ကိုယ့်ရဲ့ပုံပန်းသဏ္ဌာန်အရရောပေါ့။ လက်ရှိအသက်အရွယ်ကို တအား ကြိုက်တယ်။ အသက် ၃ဝ၊ ၃၁ နှစ်ထဲက ဒီဘဝလေးတစ်ခုကို သဘောကျခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဘဝမှာ အရင်တုန်းက အလုပ်တွေချည်းလုပ်ရတယ်။ အခု အလုပ်လည်းလုပ်တယ်။ ခရီးလည်းသွားတယ်။ ကိုယ့်ကိုယ်ချစ်တဲ့ ခင်တဲ့လူတွေ ဘေးနားမှာ ပိုများလာတယ်။ မိတ်ဆွေကောင်းတွေ အများကြီးပိုရလာတယ်။ အဲဒီလို အသိုက် အဝန်းကောင်း ကောင်းလေးနဲ့ နေခွင့်ရတာ ကိုယ့်ကိုယ်ကိုယ် လုံခြုံတယ်လို့ ပိုခံစားရတယ်။ ဘဝက နေလို့ ပိုပျော် လာတယ်။ အဲဒီ ဖီလင်က ဘာနဲ့မှမတူဘူး။ တစ်ခါမှအဲဒီလိုရမယ်လို့ မခံစားခဲ့ ရဘူး။ အမြဲတမ်းရုန်းကန်နေရမယ်။ ဇောချွေးတွေပြန်နေမယ်။ ပင်ပန်းနေ ရမယ်ထင်ခဲ့တာ။ အခုကသက် သောင့်သက်သာရှိတယ်။ အဲဒီဘဝကို အေးမြတ် သူ တအားသဘောကျတယ်”လို့ ပြောပါတယ်။ အေးမြတ်သူက အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်း တွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးသွားဖို့ လက်ခံထားတယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071