ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။
လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့် ထပ်မံကျူးလွန်သူများကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေ(၂၀၁၈)ပါ ပြဋ္ဌာန်းချက်များအတိုင်း ခြွင်းချက်မရှိထိရောက်စွာဆက်လက်အ ရေးယူသွားမည်ဟု ပြောသည်။
ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်ရှိ လမ်းမများနှင့် ယာဉ်ရပ်နားနိုင်သည့်နေရာများတွင် အတားအ ဆီးများချထားခြင်းမရှိစေရန် မြို့နယ်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်းပါဝင်မှသာပို မိုအောင်မြင်နိုင်မည်ဟု ပြောသည်။
ထို့ပြင် ၂၀၂၁ ခုနှစ်မှစတင်ကာ လုံခြုံရေးလိုအပ်ချက်အရအတားအဆီးများချထားခဲ့သော်လည်း လက်ရှိအ ချိန်တွင် လုံခြုံရေးအရဖြေလျှော့ပေး၍ရသည့်နေရာများကိုစတင်ဖယ်ရှားပေးခဲ့ရာ ထက်ဝက်နီးပါးခန့်ဖယ် ရှားပြီးခဲ့ကာ ကျန်ရှိသည့် နေရာအချို့ကိုမူ လုံခြုံရေးလိုအပ်ချက်အရ ဆက်လက်ချထားသည်ဟု ပြော သည်။
ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ဇွန် ၂၃ ရက်ကကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(သတ္တမနေ့)တွင် လှိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစံကျော်၏ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းမှုကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးစံကျော်က “ရန်ကုန်မြို့ရှိ အမည်တပ်လမ်းမကြီးများနှင့် နံပတ်တပ်လမ်းများပေါ်တွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်ချထားသည့် အတားအဆီးများကို ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
