Saturday, January 31, 2026

ဟဲဟိုးတွင် တန် ၂,၀၀၀ ဆံ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ညောင်ခါးရှည်ကျေးရွာတွင် တန် ၂,၀၀၀ ဆံ့ မျိုးအာလူး အအေးခန်းသိုလှောင်ရုံကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ မျိုးအာလူးအအေးခန်းသိုလှောင်ရုံကို...

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...
HomeEntertainmentBusinessအသက် ၃ဝ ကျော်ရင်...

အသက် ၃ဝ ကျော်ရင် အမေရိကားမှာစီးပွားရေး လုပ်ငန်း သွားရောက် လုပ်ကိုင် မယ့်ဘေဘီမောင်

သရုပ်ဆောင်ဘေဘီမောင်က အနုပညာအလုပ်အပြင် စီးပွားရေး လုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်နေတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါ တယ်။ အခုလက်ရှိသူ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကတော့ ဖက်ရှင်ဆိုင် နဲ့အလှပြင်ဆိုင်တို့ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ နောက်ထပ် လည်း တိုးချဲ့ပြုလုပ် သွားမယ့် စီးပွားရေးလုပ်ငန်းတွေရှိသလို သူ့အသက် ၃ဝ ကျော်ရင်လည်း အမေရိကားကို သွားရောက်ပြီး စီးပွားရေးလုပ်ငန်း တစ်ခုလုပ်ကိုင်ဖို့ ရှိကြောင်း ဘေဘီမောင်ကပြောပါတယ်။

“ညီမ အမေရိကားမှာ အလုပ်သွားလုပ်မှာ မဟုတ်ဘူး။ကိုယ်တိုင် ကိုယ့် စီးပွားရေးကို သွားလုပ်မှာပါ။ ဟိုမှာ မြန်မာနိုင်ငံအနေနဲ့ ဘာစီးပွား ရေးလုပ် လို့ရမလဲ ဆိုတာမျိုးလေးပေါ့။ အဒေါ်တွေကလည်း ဟိုမှာရှိနေ တယ်။ သူတို့က လည်း အဲဒီမှာ ဆူရှီဆိုင်တွေဖွင့်ထားတယ်။ အဲဒီလိုဆို တော့ ကိုယ်လည်း ဟိုမှာဆိုင်ဖွင့်ဖို့ ရည်ရွယ်တာပါ။ အမေရိကားမှာက ဆူရှီဆိုင်တော်တော်များများ ဖွင့်ကြတာရှိတယ်။ ညီမလည်း ဆူရှီဆိုင်ပဲ ဖြစ်မလား၊ ဒါမှမဟုတ် သူတို့တွေ မြန်မာနိုင်ငံက ဘယ်အစားအစာတွေ ကြိုက်နှစ်သက်လဲ။ အဲဒါမျိုးတွေ လေ့ လာပြီးလုပ်သွားမယ်။အခုလောလောဆယ်တော့ အမေရိကားက အဒေါ်နဲ့ တိုင်ပင်နေတယ်”လို့ ပြောပြပါတယ်။ ခုချိန်မှာ သူ့အသက်က ၂၇ နှစ်ရှိ သွား ပြီဖြစ်တဲ့အတွက် ဒီ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ဖို့က နောက် ၃ နှစ်သာလိုပါတော့တယ်။ ဒီ့အတွက် သူဘာတွေ ပြင်ဆင်ထားလဲ ဆိုတာကို ဘေဘီမောင် က…

“ပိုက်ဆံတော့ များများ စုဆောင်းထားရတာပေါ့။ ပြီးတော့ ကိုယ်က ပညာတတ်ကြီး မဟုတ်တဲ့ အခါကျတော့ စာတွေပြန်ပြီး လေ့လာနေရတယ်။ ကိုယ်လုပ်ကိုင်မယ့် စီးပွားရေးအတွက်က ဟိုမှာလူခံရှိတဲ့အခါကျတော့ နည်း နည်းအဆင်ပြေပါတယ်။ လိုအပ်မယ့်အရာ အားလုံးအတွက်ကိုလည်း အဒေါ်နဲ့ တိုင်ပင်နေပါတယ်။ အခုလို အမေရိကား မှာ စီးပွားရေးသွား ရောက်လုပ်ကိုင် မယ်ဆိုတာကလည်း တစ်ရွာမပြောင်း သူ ကောင်းမဖြစ်ဆိုတဲ့ စကားအတိုင်း ရော၊ ပြီးတော့ မိဘတွေ မောင်လေး၊ ညီမလေးတွေကို ဒီထက်ကောင်းကောင်း မွန်မွန်ပြည့်ပြည့်စုံစုံနဲ့ ထားချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။ ပြီးတော့ ညီမက စွန့်စားပြီး လုပ်ကိုင်ရတဲ့ အလုပ်ကို သဘောကျတဲ့အတွက်ကြောင့်ပါ” လို့ ပြော ပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071