ရန်ကုန်တိုင်း၊ အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ ရေမြောင်းများအား ရန်ကုန်မြို့တော်စည်ပင်က ရေစီးရေလာကောင်းမွန်ရေးအတွက်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း၊ ဧရာဝတီလမ်းထိပ်၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ ရေနုတ်မြောင်း၊ ဗဟိုလမ်းပေါ်ရှိ အောင်ချမ်းသာရေမြောင်း၊ ပန်းလှိုင်ရပ်ကွက် ရှင်စောပုလမ်းရှိ အောင်ချမ်းသာရေနုတ်မြောင်းတို့အတွင်း၌ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်သရိုက်များကိုဆယ် ယူရှင်းလင်းထားကြောင်း သိရသည်။
ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင်လည်း မြေယာရှုခင်းများဆောင်ရွက်ရန်မြေပြုပြင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားမှုနှင့် မြေပြုပြင်နေမှုတို့အား ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင်က ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
