Monday, May 18, 2026

ရန်ကုန်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့တစ်ရက်တည်းတွင်...

ရန်ကုန်၊ မေ ၁၈မြန်မာနိုင်ငံတစ်လွှားနှင့် ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော...

လောရင့်ဝေါင်း အယောင်ဆောင်မှုကြောင့် အလိမ်ခံရသူက ကန်ဒေါ်လာ...

မေလ ၁၇ ရက် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်း အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် အယောင်ဆောင်၍ လိမ်လည်ခဲ့သည့် AI သုံး Deepfake Zoom ဗီဒီယိုကွန်ဖရင့်၏...

တရုတ်ကယူအက်စ် စိုက်ပျိုးရေးထွက်ကုန်များကို နှစ်စဉ်ဒေါ်လာ ၁၇...

မေလ ၁၈ ရက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံထုတ် စိုက်ပျိုးရေးထွက်ကုန်များကို ၂၀၂၈ ခုနှစ်အထိ တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံဖိုး ဝယ်ယူရန်...

နှစ် ၁၀၀ မျှော်မှန်းချက်ပါဝင်သည့် မာစတာပလန်မူဘောင်ကို...

ဟနွိုင်း၊ မေလ ၁၈ ရက် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဟိုချီမင်းစီးတီးသည် အာရှ-ပစိဖိတ်ဒေသအတွင်း ထိပ်တန်းရေရှည်တည်တံ့ပြီး ဆန်းသစ်တီထွင်မှုရှိကာ နေချင်စဖွယ်ကောင်းသော မဟာမြို့ကြီးတစ်ခုအဖြစ် ပြောင်းလဲရန်...
HomeNewsLocal Newsအမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင်...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင် နိုးဆော်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနိုးဆော်တို-က်တွန်းနေသည်။

လက်ရှိတွင် Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တို-က်တွန်းထားကြောင်း သိရသည်။

အမှိုက်အမျိုးအစား ၄ မျိုး ခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံး၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင်အမှိုက်ပုံး၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများ အစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင် စွန့်ပစ်ရန် အိပေးနေသည်။

ထိုသို့ စွန့်ပစ်ပစ္စည်းအမှိုက်များကို စနစ်တကျခွဲခြား စွန့်ပစ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်စေနိုင်ပြီး အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေသည့်အပြင် အမှိုက်များကို အကျိုးရှိအောင် ပြန်လည်အသုံးပြုနိုင်မည်ဟုလည်း သိရသည်။

ထို့ကြောင့် ဈေးများ၊ ကော်မတီလက်အောက်ရှိ ရုံးများနှင့် ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် အသိပညာပေးသရုပ်ပြခြင်းများ ဆောင်ရွက်လျက်လည်း ရှိနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့တစ်ရက်တည်းတွင် ငလျင် (၄) ကြိမ်ဆက်တိုက် လှုပ်ခတ်၊ သန်လျင်နှင့် ကျောက်တန်းဒေသခံများ သိသာစွာ ခံစားရ

ရန်ကုန်၊ မေ ၁၈မြန်မာနိုင်ငံတစ်လွှားနှင့် ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော မြေငလျင်များ (၄) ကြိမ်ဆက်တိုက် လှုပ်ခတ်သွားကြောင်း ကမ္ဘာ့ငလျင်တိုင်းထွာချက်မှတ်တမ်းများအရ သိရသည်။ ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် အပြင်းထန်ဆုံးအဖြစ် ရစ်ခ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုသည် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က သန်လျင်မြို့၏ အရှေ့-အရှေ့တောင်ဘက် ၃၆ ကီလိုမီတာခန့်အကွာ (ကျောက်တန်းမြို့အနီး ပင်လယ်ပြင်) ကို...

လောရင့်ဝေါင်း အယောင်ဆောင်မှုကြောင့် အလိမ်ခံရသူက ကန်ဒေါ်လာ ၃.၈ သန်း ဆုံးရှုံးခဲ့ရ

မေလ ၁၇ ရက် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်း အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် အယောင်ဆောင်၍ လိမ်လည်ခဲ့သည့် AI သုံး Deepfake Zoom ဗီဒီယိုကွန်ဖရင့်၏ မှတ်တမ်းဗီဒီယိုဖိုင်ကို ရရှိထားကြောင်း စင်ကာပူရဲတပ်ဖွဲ့ (SPF) က စနေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် အလိမ်ခံရသူသည် ဟော်မုဇ်ရေလက်ကြားနှင့် ဆက်စပ်နေသည့် ရန်ပုံငွေဆိုင်ရာ အကူအညီပေးရေး ခေါင်းစဉ်ဖြင့် စင်ကာပူဒေါ်လာ ၄.၉ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ထက်မနည်း ဆုံးရှုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ လိမ်လည်သူများသည် ပုံမှန်အားဖြင့် အစိုးရအဖွဲ့အတွင်းဝန်အဖြစ်...

တရုတ်ကယူအက်စ် စိုက်ပျိုးရေးထွက်ကုန်များကို နှစ်စဉ်ဒေါ်လာ ၁၇ ဘီလျံဖိုးဝယ်မည်–အိမ်ဖြူတော်

မေလ ၁၈ ရက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံထုတ် စိုက်ပျိုးရေးထွက်ကုန်များကို ၂၀၂၈ ခုနှစ်အထိ တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံဖိုး ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ယခုကတိကဝတ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် ပဲတီစိမ်း/ပဲပုပ်ဝယ်ယူရေး ကတိကဝတ်များအပြင် ထပ်ဆောင်းဝယ်ယူမည့်အစီအစဉ်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် အချက်အလက်အကျဉ်းချုပ်အရ သိရသည်။ သမ္မတ ထရမ့်ပ်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071