မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၇၃/၄ တွင် “မြတ်မန္တလာထွန်း”အဝေးပြေးခရီးသည်တင်(Expressကားပေါ်သို့သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အဝေးပြေးခရီးသည်တင်(Express) ကား၏ ရှေ့လေကာမှန်မှာပျ-က်စီးသွားခဲ့ပြီး လိုက်ပါလာသူများတွင် ထိခိုက်ဒ-ဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။
