မန္တလေးမြို့မှ ပြန်လည်မောင်းနှင်လာသော မြတ်မန္တလာထွ န်းခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၃/၄-၅)ကြားအရော က်တွင် နောက်ယာဘီးပေါက်သောကြောင့် ယာဥ်နောက်လို က်မှ ကားအောက်သို့ဝင်၍ စပါယ်ယာဘီးလဲလှယ်နေချိန်တွင် ကားလေအိတ်ပေါက်ကာမျက်နှာပေါ်သို့ ပိမိပြီး ပေါက် ပြဲချိုင့်ဝင်ဒဏ်ရာ(သတိမရ/စိုးရိမ်ရဒဏ်ရာများ)ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ပြင်ပ လူနာဌာနသို့ အရောက်တွင် လူနာမှာ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။
ထို့အတွက် အမြန်လမ်းပေါ်တွင် မောင်းနှင်စဥ်စက်ချို့ယွင်း သွားသောယာဥ်များအားလုံးအနေဖြင့် အမြန်လမ်း ပေါ်တွင်လုံးဝ(လုံးဝ)ရပ်တန့်ပြုပြင်ခြင်းမပြုရဘဲလမ်းဘေး မြေသားပေါ်သို့မဖြစ်မနေရွှေ့ ပြောင်းရန်နှင့် ယာဥ်ကိုတတ်ကျွ မ်းနားလည်သည့် လေ့ကျင့်ထားသူ/ ဝပ်ရှော့ဆရာများဖြင့်သာပြုပြင်ရန် အထူးသတိ ပေးအပ်သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
