တနိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး စတုတ္ထနေ့ကို ဇွန် ၁၁ ရက်က နေပြည်တော် ၌ကျင်းပရာ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအ ဖွဲ့အစည်းများဆိုင်ရာကော်မတီဖွဲ့စည်းပြီး ကော်မတီ(၁) ခုဖွဲ့စည်းရန်တင်ပြခဲ့ကြောင်း သိရသည်။
အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အ မျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဒေါ်မီမီကျော်ထွန်း၊ အတွင်းရေးမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ချစ်လွင်တို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလည်း အမျိုးသားလွှတ်တော်က အ တည်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ကယားပြည်နယ်အမျိုးသားလွှတ် တော်ကိုယ်စားလှယ်အမှတ်(၉) ဒေါက်တာနိုင်လင်းနှင့် အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ်အမျိုးသားလွှတ် တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါက်တာ အမ်ဇော်လတ်(ခ)ဆမ်းမားကို့(စ်)တို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းရန်လည်း အမျိုးသားလွှတ် တော်သို့တင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီတို့တွင် အဖွဲ့ဝင်များအစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းများကို လွှတ်တော်သို့တင်ပြပြီးအတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
