စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်ပတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနင့် ကမ်းနီးငါးဖမ်းရေယာဉ်များအတွက် ရာသီဥတုခိုလှုံနိုင်သည့် နေရာ ၁၃ ခုကို အသိပေးထုတ်ပြန်ထားသည်။
မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒ-ဏ်လေဒ-ဏ်များ ခိုလှုံနိုင်ရန်အတွက်ဖြစ်ကြောင်းနှင့် နေရာ အသေးစိတ်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ နေရာများသည် ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မြို့နယ် ဧရာဝတီတိုင်း ငပုတော၊ ဘိုကလေး၊ မွန်ပြည်နယ်ရေး၊ တနင်္သာရီတိုင်း လောင်းလုံ၊မြိတ်၊ ကျွန်းစုမြို့နယ်အတွင်း၌ ဖြစ်ကြောင်း သိရသည်။
