Tuesday, August 4, 2026

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...

AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ကွေ့ယှန်း၊ ဩဂုတ် ၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...
HomeInternationalအမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ--ဇလန်းစကီး

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅

ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း သမ္မတ ဗိုလာဒီမာ ဇလန်းစကီး က ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇလန်းစကီး နှင့် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင် တို့ထံ ဖုန်းခေါ်ဆိုပြီးနောက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

“ဖြစ်နိုင်တယ်၊ဒါမဲ့ အရမ်းခက်လိမ့်မယ်။ သေချာပါတယ်၊ ခက်ခဲတဲ့အခြေအနေတိုင်းမှာ တစ်စုံတစ်ခုအတွက် အခွင့်အရေးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အလမ်းနည်းပါတယ် – အမေရိကန်ပြည်ထောင်စုရဲ့ ကူညီပံ့ပိုးမှုမပါဘဲ ရှင်သန်ဖို့ အခွင့်အလမ်းနည်းပါတယ်” ဟု ဇလန်းစကီး က NBC News အစီအစဉ် “Meet the Press” နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့တွင် ထုတ်လွှင့်မည့် အင်တာဗျူးမှ ကောက်နုတ်ချက်ကို သောကြာနေ့တွင် ကြိုတင်ထုတ်ပြန်ခဲ့သည်။

ထရမ့် သည် အမေရိကန်သမ္မတ၏ ပထမဆုံး သံတမန်ရေးရာ ခြေလှမ်း အနေဖြင့် စစ်ပွဲကို အမြန်အဆုံးသတ်မည်ဟု ကတိပြုထားသည့် ပဋိပက္ခ ကြောင့် ပူတင်နှင့် ဇလန်းစကီး တို့ ကို သီးခြား ဖုန်းခေါ်ဆိုကာ စစ်ပွဲအကြောင်းကို ဗုဒ္ဓဟူးနေ့က ဆွေးနွေးပြောဆိုခဲ့သည်။

ထရမ့်က ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ထဲဝင်ဖို့ သည် ကိယက်ဗ်အတွက် လက်တွေ့မကျဟု ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ ယူကရိန်းက သူ့ရဲ့နယ်မြေဒေသအားလုံးကို ပြန်လည်ရနိုင်ဖွယ်မရှိကြောင်းပြောဆိုထားသည်။ ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့သော ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ဝင်ရောက်ခဲ့ပါသည်။

ယူကရိန်းက ရုရှားကို သိမ်းပိုက်ထား သောနယ်မြေများမှ ဆုတ်ခွာပေးဖို့ တောင်းဆိုထားပြီး နေတိုး အဖွဲ့ဝင်အဖြစ် သို့မဟုတ် မော်စကို၏ ထပ်မံတိုက်ခိုက်ခြင်းမှ တားဆီးဖို့ တူညီသော လုံခြုံရေး အာမခံချက်ကိုပေးရမည်ဟု ပြောကြားခဲ့သည်။

ပူတင်က စစ်ပွဲအဆုံးသတ်ရန်မဟုတ်ဘဲ ရုရှားအပေါ် ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့အရေးယူမှုအချို့ကို ရုတ်သိမ်းရန်နှင့် မော်စကို၏စစ်တပ်ကို ပြန်လည်စုဖွဲ့ခွင့်ပေးရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူရန်အတွက်သာ ပူတင်က စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ လာလိုကြောင်း အင်တာဗျူးတွင် ဇလန်းစကီး က ပြောကြားခဲ့သည်။

“ဒါက သူတကယ်လိုချင်တာပါ။ သူက အနားယူပြီး ပြင်ဆင်၊ လေ့ကျင့်ပြီး၊ အပ-စ်အခတ်ရပ်စဲရေး ကြောင့် ပိတ်ဆို့မှုအချို့ကို ယာယီသက်သာစေဖို့အတွက်ပါ” ဟု ဇလန်းစကီက ပြောကြားခဲ့သည်။

ထရမ့်သည် ပူတင်နှင့် ပြောဆိုခဲ့သော တယ်လီဖုန်းခေါ်ဆိုမှုသည် တစ်နာရီကျော်ကြာဆွေးနွေးခဲ့ပြီး အလွန်ကောင်းမွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ခရမ္မလင် အနေဖြင့် ၎င်းတို့သည် တစ်နာရီခွဲကျော် ဆွေးနွေးခဲ့ကြောင်းဆိုထားပြီး ဇလန်းစကီး၏ ရုံးမှ ၎င်းတို့၏ ခေါ်ဆိုမှုသည်လည်း တစ်နာရီခန်ကြာအောင် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က ထိုဖုန်းခေါ်ဆိုမှု “အလွန် အဆင်ပြေခဲ့သည်” ဟု ပြောကြားခဲ့သည်။

Ref: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ် ၃၁ ခု ရပ်နားမည်

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ယာယီရပ်နားသွားမည်ဖြစ်ကြောင်း China Railway Chengdu Group Co., Ltd. က တနင်္ဂနွေနေ့ညပိုင်း၌ ပြောကြားခဲ့သည်။ ယခုကဲ့သို့ ခရီးစဉ်ရပ်နားမှုသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး နှင့် ရှန်ကျန်းအပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အခြားသော မြို့အချို့သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071