Saturday, September 19, 2026

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့်...

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ...

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...
HomeNewsLocal Newsအမေရိကန်တွင်ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ...

အမေရိကန်တွင်ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ပြည်နှင်ခြင်းမခံရမီ ကြိုတင်ထွက်ခွာကြရန် မြန်မာသံရုံးအသိပေး

အမေရိကန်နိုင်ငံတွင်ရောက်ရှိနေသည့် အထောက်အထားမဲ့မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ရှင်အစိုးရ၏ ပြည်နှင်ခြင်းမခံရမီ ကြိုတင်ထွက်ခွာကြရန် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့က အသိပေးခဲ့သည်။

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင်အထောက်အထားများ သက်တမ်းကုန်ဆုံးနေပါက အထောက်အထားမဲ့ နိုင်ငံခြားသားနေရပ်ရွှေ့ပြောင်းသူအဖြစ်သတ်မှတ်ခံရပြီး အိမ်ရှင်အစိုးရ၏ ပြည်နှင်ခြင်းခံရနိုင်သည်ဟု အသိပေးခဲ့သည်။

ထို့ကြောင့် တရားဝင်အထောက်အထားများသက်တမ်းကုန်ဆုံးနေသူများအနေဖြင့် အမေရိကန်နိုင်ငံ၌ နေထိုင်ခွင့်ရရှိနိုင်ရန် မိမိအစီအစဉ်ဖြင့် ကြိုတင်ဆောင်ရွက်ထားကြရန်လည်း အသိပေးခဲ့သည်။

ထိုသို့ နေထိုင်ခွင့်အထောက်အထားမဲ့နေသူများ(သို့)တရားမဝင်ရောက်ရှိနေသူများဖြစ်ပါက အိမ်ရှင်အစိုးရ၏ ပြည်နှင်ခြင်းမခံရမီ ကြိုတင်ထွက်ခွာသင့်ပြီး မြန်မာနိုင်ငံသို့အပြန်ခရီးအတွက် မည်သည်ခရီးသွားလက်မှတ်အမျိုးအစားမျှမရှိသူများ(သို့)နိုင်ငံကူးလက်မှတ်ကြာမြင့်စွာသက်တမ်းလွန်နေသူများအနေဖြင့် မြန်မာသံရုံး၊ ဝါရှင်တန်မြို့တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်လျှောက်ထားနိုင်သည်ဟု အသိပေးခဲ့သည်။

လျှောက်ထားရန်ပုံစံနှင့် လိုအပ်ချက်များအား မြန်မာသံရုံး၊ ဝါရှင်တန်မြို့၏ ဝက်ဘ်ဆိုက်မှ ရယူဖြည့်စွက်၍ အီးမေးလ်/ဖုန်းတို့ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ တိုက်အမှတ် (၇၃) မြေညီ လှေကားခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာသို့ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ဝင်းပိုင်စိုး ရောက်ရှိလာပြီး...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ရ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ဥပဒေရေးရာဌာနက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။ အသက် ၇၃ နှစ်အရွယ် နာဂျစ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး 1Malaysia Development Berhad (1MDB) ၏ ယခင်ယူနစ် SRC International နှင့် ဆက်စပ်သည့် ရင်းဂစ်...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ တစ်ပတ်ကြာခရီးစဉ် သွားရောက်မည်

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ကြာ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နယူးယောက်မြို့၌ ကျင်းပမည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA 81) သို့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် အနုတင်သည် ခရီးစဉ်ပထမအဆင့်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နာဂိုယာမြို့၌ အာရှအားကစားပြိုင်ပွဲဝင် ထိုင်းအားကစားသမားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားရန် စီစဉ်ထားသည်။ ထို့နောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဆက်လက်သွားရောက်ကာ စက်တင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071