Monday, July 27, 2026

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း”...

MSME များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး...

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန...

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS...

နေပြည်တော်၊ ဇူလိုင်-၂၆ သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့်...

ထိုင်းတောင်ပိုင်း ကုန်းတွင်းတံတား စီမံကိန်းကိုဆိုင်းငံ့

စီမံကိန်းကိုအကောင်အထည်ဖေါ်မှု၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ရေး ကော်မတီများ၏ သုံးသပ်ချက်အရ ထိုင်းတောင်ပိုင်း တံတား စီမံကိန်းသည် ဘောဂဗေဒနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်နိုင်စွမ်း အလွန်နည်းပါးပြီး နိုင်ငံတော်...
HomeInternationalအမေရိကန်တွင် ပင့်ကူတစ်မျိုး ပျံ့နှံ့နေ

အမေရိကန်တွင် ပင့်ကူတစ်မျိုး ပျံ့နှံ့နေ

ဂျိုရိုပင့်ကူဟု ခေါ်သော ပင့်ကူများသည် အမေရိကန်တစ်ဝန်းတွင် ပျံ့နှံ့နေလျှက်ရှိရာ မကြာမီတွင် နယူးယောက်မြို့တော်သို့ပျံ့နှံ့ရောက်ရှိလာမည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာကရေးသားထားသည်။ သို့ရာတွင် ယင်းပင့်ကူများသည် ကြောင်များကိုကြောက်ကြဖွယ်ရှိကြောင်း သုတေသီတို့က ဆိုကြသည်။

အရှေ့အာရှ ဇာတိဖြစ်သော ဂျိုရိုပင့်ကူတို့သည် လူ့လက်ဖဝါးအရွယ်အစားမျှရှိပြီး ဗျက် ၃ပေခန့်အထိရှိသော ပင်ကူအိမ်များကို ယက်လုပ်ကြကာ၊ လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းတစ်ခွင်သို့ ပျံ့နှံ့လာခဲ့ကြခြင်းဖြစ်သည်။

လေ့လာစမ်းသပ်ချက်များအရ ဂျိုရိုပင့်ကူတို့သည် အခြားပင့်ကူမျိုးစိတ်များထက် လူကိုပိုမိုကြောက်လန့်ကြကြောင်းသိရသည်။ ထို့ကြောင့် ယင်းပင့်ကူများသည် လူကိုတိုက်ခိုက်ရန်ထက် ငြိမ်သက်စွာနေရန် ပိုမိုလိုလားကြကြောင်း ဂျော်ဂျီယာတက္ကသိုလ်မှ ဇီဝဗေဒပညာရှင် ဒေါက်တာ အင်ဒီဒေးဗစ်က ပြောသည်။

အရှေ့အာရှ ဇာတိဖြစ်သော ဂျိုရိုပင့်ကူများကို ၂၀၁၃ ခုနှစ်ခန့်မှစ၍ ဂျော်ဂျီယာပြည်နယ် အရှေ့မြောက်ပိုင်းတွင် စတင်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ယင်းပင့်ကူများသည် အဝေးပြေးလမ်းမများတလျှောက်တွင် ဥများဥလေ့ရှိသောကြောင့် ပင့်ကူဥများသည် သင်္ဘောတင်ကွန်တိန်နာများအတွင်းသို့ ရောက်ရှိကာ နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့ကုန်ခြင်းဖြစ်ဖွယ်ရှိကြောင်း ဒေါက်တာဒေးဗစ်က ခန့်မှန်းသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းဖွင့်လှစ်​

ရန်ကုန်၊ဇူလိုင်-၂၆ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၆ ရက်၊ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပခဲ့သည်။ အဆိုပါ​အခမ်းအနားကို ရှေးဦးစွာ မောင်းတီး၍ မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။​ ထို့နောက် မြန်မာ့ယဉ်ကျေးမှု...

MSME များတွင် အမျိုးသမီးများ ပါဝင်နိုင်ရေး ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကျေးလက်လူဦးရေ ၇၀ ရာခိုင်နှုန်းရှိသဖြင့် ကျေးလက်နေအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသမီးများ...

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းအရေးယူ

နေပြည်တော်၊ ဇူလိုင်-၂၆ သတ်မှတ်ထားသည့် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံများတွင် ဖယ်ရီပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ် ၁၀ စီးကို ရာသက်ပန် CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးအတွက် အာရှတွင် အသက်သာဆုံးဖြစ်သည့် တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် CNG များကို ဦးစားပေး ရောင်းချပေးနေခြင်း ဖြစ်သည်။ သို့သော် အဆိုပါ YBS ၁၀ စီးမှာ သတ်မှတ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071