Tuesday, April 21, 2026

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind...

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့်...

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀...

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊...

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား...
HomeInternationalအမေရိကန်ကာကွယ်ရေးကုမ္ပဏီနှစ်ခုအား တရုတ်ကဒဏ်ခတ်ပိတ်ဆို့

အမေရိကန်ကာကွယ်ရေးကုမ္ပဏီနှစ်ခုအား တရုတ်ကဒဏ်ခတ်ပိတ်ဆို့

ပေကျင်း၊စက်တင်ဘာ ၁၅

တရုတ်နိုင်ငံသည် Lockheed Martin နှင့် Northrop Grumman အမည်ရှိ အမေရိကန်ကာကွယ်ရေးကုမ္ပဏီနှစ်ခုအား ထိုင်ဝမ်သို့လက်နက်ရောင်းချသည်ဟူသောအကြောင်းပြချက်ဖြင့် အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံကပြောကြားခဲ့သည်။

အမေရိက၏ထိုင်ဝမ်နှင့်ဆက်ဆံရေးအက်ဥပဒေအရ အမေရိကအနေဖြင့် ဒီမိုကရေစီစနစ်အားကျင့်သုံးသည့်ကျွန်းနိုင်ငံထိုင်ဝမ်အား ၎င်း၏ကာကွယ်ရေးအတွက် လက်နက်ထောက်ပံ့ပေးရန်လိုအပ်သည်။

ထိုဥပဒေအရ အမေရိကသည် ထိုင်ဝမ်သို့လက်နက်ထောက်ပံ့နိုင်ရန်အတွက် တိုက်ရိုက်ထောက်ပံ့ခြင်းထက် ရောင်းချခြင်းနည်းလမ်းဖြင့်သာ ချဉ်းကပ်ပံ့ပိုးပေးခဲ့သည်။ သို့သော် ပြီးခဲ့သည့်ဩဂုတ်လကမူ အမေရိကသည်ထိုင်ဝမ်သို့ လက်နက်များတိုက်ရိုက်ထောက်ပံ့ရန် ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့သည်။

“တရုတ်နိုင်ငံဘက်က အပြင်းအထန်ကန့်ကွက်နေတာတောင် အမေရိကန်အစိုးရက ထိုင်ဝမ်ကိုလက်နက်ထောက်ပံ့ပေးနေတာဟာ တရုတ်ရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးကိုထိပါးနေတာဖြစ်ပြီး မှားယွင်းပြီးအန္တရာယ်များတဲ့လမ်းကိုဇွတ်လျှောက်နေတာပါပဲ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးမစ္စမော်နင်ကပြောကြားခဲ့သည်။

Lockheed Martin ဟာ ဩဂုတ် ၂၄ ရက်ကပြုလုပ်ခဲ့တဲ့ ထိုင်ဝမ်ကိုလက်နက်ရောင်းချမှုရဲ့ အဓိကကန်ထရိုက်တစ်ဦးဖြစ်ပြီး Northrop Gramman ကတော့ လက်နက်ရောင်းချမှုတွေမှာ အများဆုံးပါဝင်ခဲ့တဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်၊ ဒါကြောင့် ဒီကုမ္ပဏီနှစ်ခုကိုဒဏ်ခတ်ပိတ်ဆို့ခဲ့ရတာပါ” ဟုလည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။

“တရုတ်အနေနဲ့ အမေရိကကို ထိုင်ဝမ်ကိုလက်နက်မထောက်ပံ့ဖို့အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်၊ အဲ့လိုမှမဟုတ်ရင် အမေရိကအနေနဲ့တရုတ်ရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုကိုကြုံရပါလိမ့်မယ်” ဟုလည်း မစ္စမော်ကဆက်လက်ပြောကြားခဲ့သည်။

Source : AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏ ပညာရေးအားနည်း ချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော်အသုံးချလုပ်ဆောင်ခဲ့သဖြင့် နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား (Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လွတ်လပ် ရေးမရမှီနှင့် လွတ်လပ်ရေးရပြီးချိန်တို့၌ ပညာရေးအား နည်းချက်များရှိခဲ့၍ "အ"သုံးလုံးလှုပ်ရှားမှုများဆောင် ရွက်ခဲ့ရမှု၊ ကျောင်းပညာသင်ကြားရေးမှာ လူများစုပညာရေးဖြစ်ခဲ့သော်လည်းကောင်းမွန်ခဲ့မှု၊ နိုင်ငံတကာအဆင့်မီ...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ် ပေးမည်ဖြစ်ကာ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့အား (၃) သိန်းကျပ်အထိ၊ အခြားသီးနှံ (၁၈)မျိုးကို (၂)သိန်းခွဲကျပ်အထိ၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့အား (၁) သိန်းခွဲကျပ်အထိတိုးမြှင့်ချေးပေးမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာချေးငွေအား ကျပ်သိန်း (၃,၀၀၀)အထိတစ်ကဏ္ဍ၊ ကျပ်သိန်း(၃,၀၀၀)အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်သည်။  လမ်းပန်းဆက်သွယ်ရေးတွင် အနီးစခန်းလေဆိပ်အ ဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်း၊...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် 

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ ဝေး၌ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ PDF များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းနှင့် ငြိမ်း ချမ်းရေးအတွက်အလင်းဝင်ရန်ပြောထားကာ လက်ရှိအချိန်တွင်လည်း အလင်းဝင်လာသူအများအပြားရှိပြီး အလင်းဝင်ရန်တောင်းဆိုခြင်းများရှိရာ မိမိတို့အနေဖြင့်ကြိုဆိုသည်ဟု ပြောသည်။ " PDF နဲ့ပတ်သက်ပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာလာပြီးငြိမ်းချမ်းရေးအတွက်လာကြပါ။ ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်းဝင်လာကြဖို့ဖိတ်ခေါ်ပါတယ်။ နိုင် ငံရေးအရလည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ PDF တွေအနေနဲ့ အသုံးချမခံရအောင်နေကြဖို့ပြောလိုပါတယ်"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071