Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsအထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ၏...

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ၏ ဖိအားမြင့်သံမဏိပိုက်လိုင်းအောက် ခရုပတ်ခွေအတွင်းမှ ရွှံ့နွံသဲနုန်းများ ဖယ်ရှားမှု ၂၂ ရာခိုင်နှုန်းပြီးစီး

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက တိုက်ခတ်ခဲ့သည့် “ရာဂိ”မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပွားကာ ရေပြန်လည်ကျဆင်းသွားချိန်တွင် ပျက်စီးဆုံးရှုံးမှုများနှင့်အတူ ရွှံ့နွံသဲနုန်းများတင်ကျန်ခဲ့၍ ဓာတ်အားထုတ်လုပ်မှုများရပ်နားခဲ့ရပြီး ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာ၌ ရွှံ့နွံသဲနုန်းများတင်ကျန်နေမှုများအား အပိုင်းလိုက်ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ရာ ဖိအားမြင့်သံမဏိပိုက်လိုင်းအောက် ခရုပတ်ခွေအတွင်း၊ ရေထုတ်ပြွန်များအတွင်းနှင့် ရေတံခါးအောက်ခြေတို့မှ ရွှံ့နွံသဲနုန်းများဖယ်ရှားမှုမှာ ၂၂ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောက်ရွက်နေမှုများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့်တာဝန်ရှိသူများမှ ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းကသွားရောက်၍ တမံရေပိုလွှဲမှ ပေ ၂၀ ကျော် ရေလျှံကျပြီး စက်ရုံအတွင်းသို့ ရေဝင်ရောက်ခဲ့သည့်အရှိန်ကြောင့် စက်ရုံရေ ထွက်မြောင်း(Tailrace Channel)နှင့် ခရုပတ်ခွေ (Spiral Casing)များအတွင်း ရွှံ့နွံသဲနုန်းနှင့် ကျောက်တုံးများ ဝင်ရောက်ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သဖြင့် ရေထွက်မြောင်းရှေ့တွင် ယာယီရေတားတမံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် ရေထွက်မြောင်းအတွင်းမှ ရေများအား အင်ဂျင်တပ်ရေစုပ်ပန့်များဖြင့် စုပ်ယူ၍ ရေစစ်ကန်သို့ ပေးပို့ခြင်း၊ ရေစစ်ကန်မှ ယာယီရေတား တမံအပြင်သို့ စွန့်ထုတ်ခြင်းဖြင့်(၂)ဆင့် ဆောင်ရွက်နေမှု၊ ရေထွက်ပေါက်အဝရှိ ရွှံ့နွံသဲနုန်းနှင့် ကျောက်တုံးများအား မြေကော်စက်(Backhoe) အသေးဖြင့်တူးပြီး ပစ္စည်းသယ်ခွက်(Bucket)အတွင်းထည့်၍ ပူလီကြိုးဖြင့်ဆွဲတင်ကာ မြေသယ်ယာဉ်ပေါ်တင်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ လျှောစောက်(Slope)ပုံဖြစ်၍ အတွင်းပိုင်းရှိ ရွှံ့နွံသဲနုန်းနှင့် ကျောက်တုံးများအား လူ အင်အားဖြင့် ခက်ခက်ခဲခဲရှင်းလင်းတူးထုတ်နေရမှုအခြေအနေနှင့် Botton Outlet မှရေထုတ်ပြီး အောက်ပေါင်းလောင်းစက်ရုံသို့ ရေပေးပို့နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးကို အထူးအလေးထား ဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့သည်။

လက်ရှိအချိန်၌ ယာယီရေတားတမံတည် ဆောက်ခြင်းနှင့် စက်ရုံရေထုတ်မြောင်းအတွင်းမှ ရေစုပ်ထုတ်ခြင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကာ စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာနှင့် မြို့ပြပိုင်းဆိုင်ရာလုပ်ငန်းများပြီးစီးမှုမှာ (၄၃ ဒသမ ၆၈)ရာခိုင်နှုန်း၊ ဓာတ်အားပေးစက် ၂ လုံး ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများမှာ (၂၁ ဒသမ ၇) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက်(၇၀)မဂ္ဂါဝပ်(၂)လုံးဖြင့် စုစုပေါင်း(၁၄၀)မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071