ပြည်သူချစ် အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့် အသက်(၇၆)နှစ်ဟာ အဆုတ်ကင်ဆာ ရောဂါကြောင့် သြဂုတ်လ ၆ ရက်နေ့၊ မနက် ၁ နာရီ ၁၂ မိနစ်အချိန်ခန့်က ကွယ်လွန်သွားခဲ့ပါတယ်။
အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့် ကွယ်လွန်သွားခြင်းဟာ သဘင်လောက အတွက်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ် လို့ သဘင်မင်းသားဦးချမ်းသာက
“ ကျွန်တော့်အမကို အရမ်းလေးစားတာပါ။ အမက ပညာတွေကို တွေ့တိုင်း စာအုပ်ကြီးတွေနဲ့ ကူးခိုင်းတယ်။ သူကိုယ်တိုင်လည်းဘေးနားကနေ သင်ပေးတယ်။ အမဆီကနေပညာတွေ အများကြီးရတယ်။ အခု အမဆုံးပြီဆိုတဲ့ သတင်းကြားလိုက်တဲ့ အချိန်မှာ လုံးဝစိတ်မကောင်း ဖြစ်မိတယ်။ သဘင်လောကအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ခံစားရပါတယ်။”လို့ပြောပါတယ်။
မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ အဆုတ်ကင်ဆာရောဂါ ခံစားနေရတာ ၂ နှစ်ရှိပြီဖြစ်ပြီး အငြိမ့်ခေတ်တစ်ခေတ်က အလွန်ကျော်ကြာ းခဲ့တဲ့ မင်းသမီးကြီးတစ်ဦးလည်းဖြစ်ပါတယ်။
#Popularjournal


