Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeNewsLocal Newsအင်္ဂလန်၌ ကိုဗစ်အလွန်ကာလတွင် ကျောင်းသားများ...

အင်္ဂလန်၌ ကိုဗစ်အလွန်ကာလတွင် ကျောင်းသားများ စိတ်ကျန်းမာရေးပြဿနာများပိုခံစားနေရ

အင်္ဂလန်၌ ကိုဗစ်အလွန်ကာလတွင် ကျောင်းသားများ စိတ်ကျန်းမာရေးပြဿနာများပိုခံစားနေရ

လန်ဒန်၊ဇွန် ၂၈

ကိုဗစ်ကပ်အလွန်၌ အင်္ဂလန်တက္ကသိုလ်များမှ ကျောင်းသားများသည် စိတ်ကျန်းမာရေးပြဿနာများ ပိုမိုကြုံတွေ့နေရကြောင်း အစီရင်ခံစာတခု​ဖော်ပြထားသည်။

ကပ်ရောဂါသည် စိုးရိမ်ပူပန်မှုနှုန်းကို ပိုမိုဆိုးရွားစေရုံသာမက တက္ကသိုလ်ကျောင်းသားလူငယ်များတွင် ရုန်းကန်ရမှုများလည်း သိသိသာသာမြင့်တက်လာကြောင်း ကျွမ်းကျင်သူများ၏ပြောကြားချက်အရသိရသည်။

National Union of Students ၏ သုတေသနပြုချက်အရ “ကျောင်းသားအများစုသည် စိုးရိမ်ပူပန်မှုများဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြရသည်” ဟု အဆိုပါအဖွဲ့၏ ဥက္ကဌ Larissa Kennedy ကဆိုပြီး ယခုကဲ့သို့ ကျောင်းသားများ၏ စိတ်ကျန်းမာရေးအကျပ်အတည်း ဖြစ်‌နေရခြင်းအပေါ်သူမအနေဖြင့် အလွန်စိုးရိမ်မိကြောင်းလည်းပြောကြားခဲ့သည်။

မကြာသေးမီက Humen စိတ်ကျန်းမာရေးပရဟိတအဖွဲ့၏ သုတေသနပြုချက်အရ ကျောင်းသားငါးဦးအနက်နှစ်ဦးသည်ပြဿနာများကြုံ​တွေ့​နေရဟုယူဆခဲ့ကြကြောင်းတွေ့ရှိရသည်။

ကျောင်းသား ၇,၃၈၅ ဦးကိုစစ်တမ်း ကောက်ယူခဲ့ရာ ထက်ဝက်နီးပါးသည် စိတ်ကျန်းမာရေးပြဿနာများခံစား​နေရပြီး ၎င်းတို့၏ တက္ကသိုလ်ပညာသင်ကြား​ရေးအပေါ် အပျက်သ​ဘောသက်ရောက်မှုမျိုးရှိသည်ဟုဆိုကြသည်။

ယလုလိုဖြစ်ရခြင်းသည် စာမေးပွဲဖိအားနှင့် နေထိုင်စရိတ်အကျပ်အတည်းများကြောင့်ဖြစ်သဖြင့် အဆိုးရွားဆုံးအခြေနေမဖြစ်ခင် ထောက်ပံ့မှုများကိုစောစောစီးစီးပေးအပ်သင့်သည် ဟုလည်း Kennedy ကဆိုသည်။

အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) နှင့် တက္ကသိုလ်စိတ်ကျန်းမာရေးဝန်ဆောင်မှုဌာနအကြား ကွာဟချက်နီးကပ်စေရန်အတွက် အင်္ဂလန်အစိုးရက ပေါင်သုံးသန်းထောက်ပံ့မည့်အကြောင်း ပြီးခဲ့သည့်အပတ်ကကြေငြာခဲ့သည်။

သို့သော် ထိုပမာဏသည် အင်္ဂလန်၏ကျောင်းသားပမာဏနှင့်နှိုင်းယှဉ်ပါက ကျောင်းသားတစ်ဦးလျှင် (၁) ပေါင်သာရရှိမည်ဖြစ်သဖြင့် သမုဒ္ဒရာထဲကရေတစ်စက်သာ ဖြစ်နေသည်ဟု Kennedy ကသတိပေးခဲ့သည်။

ကျောင်းသားပေါင်း ၃,၇၀၆ ဦး၏ ကျောင်းထွက်နှုန်းများကိုလည်းသတိထားသင့်သည်ဟုအကြံပြုထားကြသည်။

Source – WioNews

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071