Monday, June 29, 2026

ဖားကန့်မြို့နယ်တွင် လုပ်ကွက်ဟောင်းမြေစာပုံပြိုကျမှုဖြစ်ပွား၊ ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းမြေစာပုံတစ်ခုသည် ဇွန် ၂၈ ရက် ည ၁၁ နာရီကျော်ခန့်က ပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၂၀...

သီလဝါအထူးစီးပွားရေးဇုန်တွင် နှစ်ရှည်မြေယာငှားရမ်းမှု ၃.၉ ဟက်တာ...

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် နှစ်ရှည်မြေယာငှားရမ်းမှု မြေဧရိယာ ၃.၉ ဟက်တာကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာ-ဂျပန် သီလဝါ ဒက်ဗလော့မင့် လီမိတက်...

ရန်ကုန်တိုင်းလွှတ်တော်တွင် YBS တိုးချဲ့ပြေးဆွဲရေး၊ နိုင်ငံ့ဝန်ထမ်းများ...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) ကို ယနေ့ (ဇွန် ၂၉ ရက်) တွင် ဆက်လက်ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၈)...

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို...

အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြု၊ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ဆွေးနွေးမည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရမည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် (၅)...
HomeNewsLocal Newsအင်းစိန်ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများ...

အင်းစိန်ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများ (၅) နှစ်ဆက်တိုက် ရာနှုန်းပြည့်အောင်မြင်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ရာနှုန်းပြည့်အောင်မြင်မှုကို (၅) နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံတစ်ဝန်း စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိခဲ့ပြီး အကျဉ်းဦးစီးဌာနလက်အောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဖြေဆိုသူ အကျဉ်းသား ၃၆ ဦးစလုံး အောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦးလည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သဖြင့် အကျဉ်းဦးစီးဌာနလက်အောက်ရှိ အကျဉ်းထောင်များမှ စုစုပေါင်း အကျဉ်းသား ၄၆ ဦး အောင်မြင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် လူတစ်ဦးချင်းစီ၏ အနာဂတ်ကိုသာမက နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မရှိမဖြစ်အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် အကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများရှိ ကလေးသူငယ်များနှင့် မသန်စွမ်းကျောင်းများမှ သင်ယူသူများ ပညာသင်ယူခွင့်များ ဆက်လက်ရရှိနိုင်ရေးကို အားပေးပံ့ပိုးဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်မျှော်လင့်ကြောင်းလည်း ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖားကန့်မြို့နယ်တွင် လုပ်ကွက်ဟောင်းမြေစာပုံပြိုကျမှုဖြစ်ပွား၊ ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ ၂၀ ခန့်ကို ဆက်လက်ရှာဖွေနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းမြေစာပုံတစ်ခုသည် ဇွန် ၂၈ ရက် ည ၁၁ နာရီကျော်ခန့်က ပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၂၀ ဦးခန့် ပျောက်ဆုံးနေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် လုပ်ကွက်ဟောင်းများရှိ မြေစာပုံများ ပြိုကျလွယ်သည့် အခြေအနေဖြစ်ပေါ်နေပြီး ရေမဆေးကျောက်ရှာဖွေသူများသည် ညပိုင်းတွင် မီးထိုး၍ ရှာဖွေနေစဉ် မြေစာပုံပြိုကျခဲ့ခြင်းကြောင့် အချိန်မီရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေကယ်ဆယ်လျက်ရှိပြီး...

သီလဝါအထူးစီးပွားရေးဇုန်တွင် နှစ်ရှည်မြေယာငှားရမ်းမှု ၃.၉ ဟက်တာ အတည်ပြု၊ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု ၅.၄ မဂ္ဂါဝပ်အထိ တိုးမြှင့်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် နှစ်ရှည်မြေယာငှားရမ်းမှု မြေဧရိယာ ၃.၉ ဟက်တာကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာ-ဂျပန် သီလဝါ ဒက်ဗလော့မင့် လီမိတက် (Myanmar Japan Thilawa Development Limited-MJTD) မှ သိရသည်။ MJTD သည် သီလဝါအထူးစီးပွားရေးဇုန်အတွင်း စက်မှုလုပ်ငန်းဧရိယာ ဖွံ့ဖြိုးရေး၊ ဈေးကွက်တင်ရောင်းချရေး၊ နှစ်ရှည်ငှားရမ်းရေးနှင့် စက်မှုလုပ်ငန်းဧရိယာ လည်ပတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တည်ထောင်ထားသော ကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်...

ရန်ကုန်တိုင်းလွှတ်တော်တွင် YBS တိုးချဲ့ပြေးဆွဲရေး၊ နိုင်ငံ့ဝန်ထမ်းများ မြေကွက်ချထားရေးအပါအဝင် ကြယ်ပွင့်ပြမေးခွန်း (၈) ခု ဆွေးနွေး

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) ကို ယနေ့ (ဇွန် ၂၉ ရက်) တွင် ဆက်လက်ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၈) ဦး၏ ကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် (၁၂၃) ဦးအနက် (၁၁၉) ဦး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်— တွံတေးမြို့နယ်မှ ရန်ကုန်မြို့သို့ YBS ယာဉ်လိုင်း တိုးချဲ့ပြေးဆွဲပေးရေး၊ လှည်းကူးမြို့နယ်မှ ဘုရင့်နောင် (သီရိမင်္ဂလာဈေး) သို့ မော်တော်ယာဉ်လိုင်းအသစ် ပြေးဆွဲပေးရေး၊ အများပြည်သူ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှအပသုံး လူသုံးကုန်ပစ္စည်းများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071