မနက်ဖြန် အောက်တိုဘာ (၁၇)ရက်နေ့မှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာ-အင်ဒိုနီးရှား ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ယင်းပွဲစဉ်ကို အနိုင်ကစားသွားမည်ဖြစ်ကြောင်း ဂျပန်နည်းပြ ကူမီကိုနှင့် တိုက်စစ်မှူး ရှင်းသန့်ဖြူစင်ပြုံးတို့က ပြောကြားသည်။
ယမန်နေ့က မြန်မာ-မကာအိုပွဲမှာ မြန်မာအသင်းက (၇)ဂိုးပြတ်ဖြင့် အနိုင်ရယူအပြီး သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာယူ-၁၇အမျိုးသမီးအသင်းသည် အင်ဒိုနီးရှားကို သရေကျရုံဖြင့် ခြေစစ်ပွဲအောင်မည် ဖြစ်သည်။
အောက်တိုဘာ (၁၅)ရက် မကာအိုနှင့်ပွဲတွင် တိုက်စစ်မှူး ရှင်းသန့်ဖြူစင်ပြုံးတို့ ဟက်ထရစ်ဂိုး သွင်းယူထားသည်။
