ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
” နိုင်ငံတော်ကနစ်နာဆုံးရှုံးခဲ့ရတဲ့ ငွေကြေးပမာဏအ နေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ(၁၃ ဒသမ ၃၄၄)သန်းနဲ့ ငွေကျပ်(၂၂၆ ဒသမ ၁၀၇)ဘီလီယံဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလိုမဖြစ်စေဖို့အတွက် မိမိတို့အနေနဲ့ လုပ် ငန်းဆောင်ရွက်မှုအားလုံးကို လုပ်ထုံးလုပ်နည်းနဲ့အညီစဉ်းစားဆင်ခြင်ဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းစွာ နိုင်ငံ တော်မှပေးအပ်ထားသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ နိုင်ငံတော်နှင့် ပြည်သူတို့၏အ ကျိုးကိုဖော်ဆောင်ပေးရမည်ဖြစ်ကာ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာရနိုင်၍ အဂတိမှုများနှင့် အရေးယူရသည်များမဖြစ်ရန်လိုသည်ဟု ပြောသည်။
ထို့ကြောင့် အဂတိလိုက်စားမှုများမရှိစေရေးအတွက် ပြည်ထောင်စုအဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်အ လိုက်ကြပ်မတ်ထိန်းသိမ်းရန်လိုသည်ဟု နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
