၂၀၂၃ – ၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာ KG မှ Grade-11အထိ အတန်းများ၏ ကျောင်းအပ်ရက်ကို ယခင်နှစ်များထက်စောကာ မေလ (၂၃) ရက်မှ စတင်ပြီး ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ပညာသင်နှစ်များတွင် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၅) ရက်မှစတင်လက်ခံခြင်းဖြစ်သော်လည်း ယခုနှစ်တွင် စောလျင်စွာ လက်ခံပေးသွားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကိုလည်း မေလ(၂၃) ရက်မှ ဇွန်လဆန်း ကျောင်းမဖွင့်မှီကာလအထိ သတ်မှတ်ကာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် အခြေခံပညာအတန်းများဖြစ်သည့် KG အတန်းမှ Grade -11 အထိအောင်စာရင်းများကို ဧပြီလ (၂၇)ရက်တွင် ထုတ်ပြန်ကြေညာပေးခဲ့ပြီး စာမေးပွဲဖြေဆိုသူ ကျောင်းသားများ ရာနှုန်းပြည့်နီးပါး အောင်မြင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။

