Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeNewsLocal Newsအကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့်...

အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် ထိုင်းရောက်မြန်မာများကို တပ်မတော်(ရေ)က လိုက်လံပို့ဆောင်

ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြော င့် နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်အတွင်းမှ မြန်မာနိုင်ငံသား အချို့ကို မြန်မာ့တပ်မတော်(ရေ) က ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် (၆၇၉)ဦး အနက်မှ ရန်ကုန်တိုင်းနှင့်ရခိုင်ပြည်နယ်သို့ပြန်မည့် နေရပ်ပြန် ၂၀၀ ကျော်ကို မြန်မာ့တပ်မတော်(ရေ)က ယမန်နေ့ ဖေဖေါ်ဝါရီ (၅) ရက်တွင် လိုက်လံပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် (၆၇၉) ဦးအနက်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်မည့် နေရပ်ပြန် (၁၁၈) ဦးအား မြန်မာ့တပ်မတော်(ရေ) မှ စစ်ရေယာဉ် (ကျန်စစ်သား) ဖြင့်ခေါ်ဆောင်ကာ ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ပို့ဆောင်ပေးခဲ့ရာ ဖေဖေါ်ဝါရီလ (၅) ရက် မွန်းလွဲ (၂) နာရီတွင် ရောက်ရှိလာပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မိသားစုဝင်များက သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန် (၁၁၈) ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ Quarantine Center ၌ COVID-19 စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စောင့်ကြည့်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရပ်ပြန်များအား သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြင်ပတွင်နေထိုင်သော နေရပ်ပြန်များအား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များထံသို့လည်းကောင်း စနစ်တကျအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့မှ နေရပ်ပြန် (၁၁၁) ဦးကို မြန်မာ့တပ်မတော်ရေမှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးရာ ကျောက်ဖြူမြို့သို့ ဖေဖေါ်ဝါရီ (၅) ရက် မွန်းလွှဲပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့ အနီးဝန်းကျင်မှ နေရပ်ပြန် (၃၁) ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများမှတဆင့် မိသားစုဝင်များထံ ပြန်လည်အပ်နှံခဲ့ပြီး စစ်တွေမြို့နှင့်အနီးတဝိုက်မှ နေရပ်ပြန် (၈၀) ဦးကိုလည်း ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071