Tuesday, July 28, 2026

အမျိုးသားပြတိုက်ကို သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းပေးမည့်...

အမျိုးသားပြတိုက်သည် နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဖော်ညွှန်းပြသနေသည့် အရေးပါသောနေရာတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်ရှိ သမိုင်းမှတ်တမ်းများကို ဆက်စပ်မှုရှိရှိ၊ ခိုင်မာပြည့်စုံစွာ ခင်းကျင်းပြသရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ပြတိုက်သို့...

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေးဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန်...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ၏အဖိုးတန်သမိုင်းမှတ်တမ်းများဖြစ်သည့် စာအုပ်၊ စာစောင်နှင့် သတင်းစာများ...

မန္တလေး-ပြင်ဦးလွင် Mountain Bike (MTB)...

မန္တလေး၊ ဇူလိုင် ၂၇ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း...

နေပြည်တော်၊ ဇူလိုင် ၂၇ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ...
HomeNewsLocal Newsအကယ်ဒမီရွှေစင်ရုပ်တု အားလုံးနှင့် ကုန်ကျစရိတ်များကို...

အကယ်ဒမီရွှေစင်ရုပ်တု အားလုံးနှင့် ကုန်ကျစရိတ်များကို ထုတ်ပေးမည်ဟု ပြန်ကြားရေးဝန်ကြီးပြော

ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းရှင်များအပါအဝင် အနုပညာလောကသားများ အခက်အခဲရှိနေသည့်အတွက် နိုင်ငံတော်ကမတည်၍ ရွှေစင်ရုပ်တုအားလုံးနှင့် ကုန်ကျစရိတ်များကို ထုတ်နုတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။

မတ် ၂၈ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် Nebula X Entertain-ment Co., Ltd. က နည်းပညာမြင့် 3D Projection Mapping ဖြင့် အကယ်ဒမီပေးပွဲစင်မြင့်တည်ဆောက်ခြင်း၊ Lighting နှင့် Sound System၊ Stage Design ရေးဆွဲထားမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို သုံးနှစ်စာပေးအပ်သွားမည်ဖြစ်ပြီး ဆုပေးပွဲကို ခမ်းခမ်းနားနား အဆင့်မြင့်စွာဖြင့် နိုင်ငံတော်အဆင့် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခင်က မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားများကို မြန်မာ့ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းရှင်များအပါအဝင် အနုပညာလောကသားများ အခက်အခဲရှိနေသည့်အတွက် နိုင်ငံတော်က မတည်၍ ရွှေစင်ရုပ်တု အားလုံးနှင့် ကုန်ကျစရိတ်များကို ထုတ်နုတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ယင်းအပြင် ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် အနုပညာကိုချစ်မြတ်နိုး၍ ပူးပေါင်းဆောင်ရွက်လိုသူများ ရှိပါကလည်း မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သည့် သမားရိုးကျပုံစံမျိုးထက် ခေတ်နှင့်လျော်ညီသည့် နည်းပညာပိုင်းများ၊ Lighting များ၊ Program များဖြင့် စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာ စင်ရော်မောင်မောင်တို့က အကယ်ဒမီ ရွှေကြိုများ စိစစ်ရွေးချယ်ထားရှိမှု၊ ရုပ်ရှင်ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများအား ပရိသတ်များ စိတ်ဝင်စားမှုရှိစေရန် performance များဖြင့် တင်ဆက်ရန် စီစဉ်ထားမှု၊ ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးတင်ပြကြခဲ့ကြကြောင်းလည်းသိရသည်။

ရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဇော်မင်းနှင့် အကယ်ဒမီများရှင် ရန်အောင်၊ ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် Nebula X Entertainment Co.,Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသားပြတိုက်ကို သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းပေးမည့် အသိပညာဗဟိုဌာနဖြစ်စေရေး နိုင်ငံတော်သမ္မတ လမ်းညွှန်

အမျိုးသားပြတိုက်သည် နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဖော်ညွှန်းပြသနေသည့် အရေးပါသောနေရာတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်ရှိ သမိုင်းမှတ်တမ်းများကို ဆက်စပ်မှုရှိရှိ၊ ခိုင်မာပြည့်စုံစွာ ခင်းကျင်းပြသရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ပြတိုက်သို့ လာရောက်လေ့လာသူများအနေဖြင့် နိုင်ငံ၏ခိုင်မာသည့် သမိုင်းကြောင်းနှင့် အစဉ်အလာကြီးမားသော ယဉ်ကျေးမှုတန်ဖိုးများကို သိရှိနားလည်ကာ တန်ဖိုးထားထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေရန် ခင်းကျင်းပြသမှုများကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။ ပြည်ပခရီးသွားဧည့်သည်များနှင့် မြန်မာနိုင်ငံတွင် လာရောက်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားသားများအနေဖြင့်လည်း ပြတိုက်ရှိ သမိုင်းအထောက်အထားများကို လေ့လာခြင်းမှတစ်ဆင့် မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုအပေါ် အထင်ကြီးလေးစားမှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ပြောကြားသည်။ လူငယ်လူရွယ်များ ပြတိုက်သို့ လာရောက်လေ့လာခြင်းဖြင့် သမိုင်း၏တန်ဖိုးကို...

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေးဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ၏အဖိုးတန်သမိုင်းမှတ်တမ်းများဖြစ်သည့် စာအုပ်၊ စာစောင်နှင့် သတင်းစာများ မပျောက်ပျက်စေရေး စနစ်တကျထိန်းသိမ်း၍ နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ ရောက်ရှိရာ စာကြည့်တိုက်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စာကြည့်တိုက်ညီလာခံခန်းမ၌ တာဝန်ရှိသူတစ်ဦးက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ သမိုင်းအကျဉ်း၊ ဒစ်ဂျစ်တယ်စာကြည့်တိုက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စာဖတ်ခန်းနှင့်...

မန္တလေး-ပြင်ဦးလွင် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ဩဂုတ် ၁၅ ရက် ကျင်းပမည်

မန္တလေး၊ ဇူလိုင် ၂၇ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ထံမှ သိရသည်။ အဆိုပါပြိုင်ပွဲ၏ စတင်ထွက်ခွာမည့်နေရာမှာ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အရှေ့ဘက်ဖြစ်ပြီး၊ ပန်းဝင်မည့်နေရာမှာ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) ဖြစ်သည်။ ပြိုင်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး မိမိတို့၏ ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် Mountain Bike စီးနင်းကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071