Monday, July 27, 2026

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃)...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times...

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့...

ပုသိမ်၊ဇူလိုင်-၂၇ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့...

အားကောင်းသော မုန်တိုင်းငယ် အိန္ဒိယကမ်းခြေဘက်သို့ ဦးတည်၊

မြန်မာနိုင်ငံကို တို-က်ရို-က် သက်ရောက်နိုင်ခြေ မရှိသေးဟု မိုးဇလထုတ်ပြန် နေပြည်တော်၊ ဇူလိုင် ၂၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော မုန်တိုင်းငယ်...

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ...

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ...
HomeMoviesနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်အာကာသနည်းပညာကို သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိရောက်စွာအသုံးချရန် တိုက်တွန်း

နေပြည်တော်၊ ဇူလိုင် ၂၇

နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို ဖွင့်လှစ်ပေးပြီး သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာအာကာသအေဂျင်စီမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်က အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာအာကာသနည်းပညာဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ပြည်တွင်းပြည်ပတက္ကသိုလ်များ၊ ကောလိပ်များ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် MAH-1 Earth Remote Sensing (ERS) ဂြိုဟ်တုပုံစံငယ်၊ MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေးစနစ်၊ ကမ္ဘာမြေအဝေးမှအာရုံခံနည်းပညာ အသုံးချစနစ်နှင့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သုံးဖက်မြင်မြေပုံအချက်အလက်များကို လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းအပြင် ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ်၊ အာကာသနည်းပညာ၌ ဉာဏ်ရည်တုနည်းပညာအသုံးပြုမှု၊ အဆင့်မြင့်စက်ရုပ်စနစ်၊ နေအာရုံခံကိရိယာ၊ ဂြိုဟ်တုရွေ့လျားမှုထိန်းချုပ်ရေးစနစ်၊ အာကာသရာသီဥတုနှင့် အာကာသအခြေအနေ စောင့်ကြည့်လေ့လာရေးစနစ်၊ ကမ္ဘာအနီးအာကာသအန္တရာယ် အလိုအလျောက်ကြိုတင်သတိပေးစနစ်တို့ကို ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်သမ္မတက “MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနှင့် Multi-Mission Operation Command and Control (MOCC)” ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်က မြန်မာတစ်နိုင်ငံလုံး၏ သုံးဖက်မြင်မြေပုံအချက်အလက်များကို နိုင်ငံတော်သမ္မတထံ အပ်နှံတင်ပြခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက မြန်မာအာကာသအေဂျင်စီ ဖွဲ့စည်းတည်ထောင်ပြီး နည်းပညာလုပ်ငန်းများ တိုးတက်အောင်မြင်လာခြင်းသည် နိုင်ငံတော်၏ အာကာသနည်းပညာဆိုင်ရာ ရည်မှန်းချက်တစ်ရပ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် အာကာသနည်းပညာကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် နိုင်ငံအတွက် အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်ကြောင်း၊ မြေပြင်အခြေအနေပြောင်းလဲမှု၊ မီးတောင်ပေါက်ကွဲမှုနှင့် ရေကြီးရေလျှံမှုအပါအဝင် သဘာဝဘေးအန္တရာယ်များကို ဂြိုဟ်တုနည်းပညာဖြင့် အသေးစိတ်လေ့လာနိုင်ကြောင်း ပြောကြားခဲ့သည်။

မြေပြင်မှရရှိသည့် အချက်အလက်များကို ဂြိုဟ်တုမှရရှိသည့် အချက်အလက်များနှင့် ပေါင်းစပ်အသုံးချပါက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်နိုင်ရေးသာမက အာကာသယာဉ်မှူးများ စေလွှတ်နိုင်ရေးကိုပါ ရည်မှန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သကဲ့သို့ ရရှိလာမည့် အသိပညာ၊ နည်းပညာနှင့် အချက်အလက်များသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ရန်လိုအပ်ပြီး သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒအပါအဝင် အခြေခံသိပ္ပံဘာသာရပ်များကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ အာကာသဆိုင်ရာပြိုင်ပွဲများနှင့် ပြပွဲများကျင်းပခြင်း၊ အာကာသပြတိုက်ကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်ခြင်းတို့ဖြင့် လူငယ်များ၏ စိတ်ဝင်စားမှု မြင့်တက်လာအောင် ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ၏ ပထမဆုံးအာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ပဏာမရွေးချယ်ထားသည့် အာကာသယာဉ်မှူးလောင်းများနှင့် တွေ့ဆုံခဲ့သည်။

အာကာသယာဉ်မှူးလောင်းများအနေဖြင့် ကျန်းမာကြံ့ခိုင်ရေးကို စနစ်တကျထိန်းသိမ်းပြီး ဘာသာစကားကျွမ်းကျင်မှု၊ အာကာသဆိုင်ရာအသိပညာနှင့် ခေတ်မီနည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃) ခုကို ထရမ့်စဉ်းစားနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times သတင်းစာက ဖော်ပြထားပါတယ်။ ​သတင်းစာမှာ ဖော်ပြချက်အရ အဲဒီ (၃) ခုကတော့ စစ်ရေးအရ ထပ်ပြီး အရှိန်မြှင့်ဖို့၊ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ပြီး အီရန်ကို စီးပွားရေးအရ ဖိနှိပ်ဖို့နဲ့ အမေရိကန်က စစ်ပွဲမှာ အနိုင်ရပြီလို့ ကြေညာပြီး ပဋိပက္ခကနေ ဆုတ်ခွာဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ဒုသမ္မတ ဂျေဒီဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး...

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်တိုက်တွန်း

ပုသိမ်၊ဇူလိုင်-၂၇ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့”ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး လာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုးကွင်းဆက်တစ်လျောက် အားပေးမြှင့်တင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးကို ဖူလုံပိုလျှံစွာ စိုက်ပျိုးထုတ်လုပ် နိုင်သော်လည်း စားဆီဖူလုံမှုမရှိသေးသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်း...

အားကောင်းသော မုန်တိုင်းငယ် အိန္ဒိယကမ်းခြေဘက်သို့ ဦးတည်၊

မြန်မာနိုင်ငံကို တို-က်ရို-က် သက်ရောက်နိုင်ခြေ မရှိသေးဟု မိုးဇလထုတ်ပြန် နေပြည်တော်၊ ဇူလိုင် ၂၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၇ ရက်)မွန်းတည့် ၁၂ နာရီတွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်အကွာတွင် ဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071